
သခင်ဖြစ်သူ သေဆုံးသွားခဲ့သည်ကို မသိရှိဘဲ သခင်ပြန်အလာကို ကားပါကင်လေးတွင် ၅နှစ်ကျော်ကြာ စောင့်ဆိုင်းနေခဲ့သည့် ခွေးငယ်လေ
တိရိစ္ဆာန်လေးတို့သည် ကိုယ်တိုင်မှာ စကားမပြောတတ်သော်လည်း နှလုံးသားမှပြောသော စကားတို့သည်ကား လူသားတို့၏ ရင်ကိုပိုမိုလှိုက်ခက်စေခဲ့ပေသည်။လူသားတို့၏ဘေးတွင် မည်သူမျှ ရှိမနေပေးနိုင်သည့် အချိန်မျိုးတွင်ပင် တိရိစ္ဆာန်လေးများသည် အနားတွင် တစ်ဖဝါးမှမခွာဘဲ ရှိနေပေးတတ်သည်။
ယခုတွင်လည်း ခွေးကလေးတစ်ကောင်သည် သခင်ဖြစ်သူနှင့် အတူအမြဲရှိနေခဲ့ပြီး သခင်ဟာ ရုတ်တရက်ကင်ဆာဖြင့် ၂၀၁၅ခုနှစ်တွင် ကွယ်လွန်သွားခဲ့ပါတယ်။သို့သော်လည်း ခွေးကလေးဟာ သခင်ဖြစ်သူ သေဆုံးသွားခဲ့သည်ကို မသိရှိဘဲ ကားပါကင်လေးနားတွင် ယခုအချိန်ထိ စောင့်ဆိုင်းနေခဲ့ပါတယ်။
ရာသီဥတုဆိုးရွားလှပြီး အေးခဲနေသည့်အချိန်မျိုးတွင်ပင် ဘယ်မှထွက်ခွာမသွားခဲ့သောကြောင့် ပတ်ဝန်းကျင်ရှိလူများဟာ စောင်အဟောင်းလေးများပေးသည့်အပြင် အစားအစာများကို ကျွေးမွေးထားခဲ့ကြပါတယ်။
Leave a Reply