သခင်ဖြစ်သူဝယ်လာတဲ့ ထိုင်ခုံအသစ်ကို သူမတစ်ဦးသာ ပိုင်ဆိုင်ချင်ခဲ့တဲ့ ရယ်စရာ‌ကြောင်မလေးရဲ့အပြုအမှု

သခင်ဖြစ်သူဝယ်လာတဲ့ ထိုင်ခုံအသစ်ကို သူမတစ်ဦးသာ ပိုင်ဆိုင်ချင်ခဲ့တဲ့ ရယ်စရာ‌ကြောင်မလေးရဲ့အပြုအမှု

အခုတစ်ခေါက်ဖော်ပြပေးမဲ့ ကြောင်တစ်ကောင်ဟာ ပိုင်ရှင်ဖြစ်သူက အသုံးပြုရန်အတွက် ကုလားထိုင်အသစ်တစ်လုံး ဝယ်ယူခဲ့သော်လည်း ကြောင်က လူသားတွေ ထိုင်ရန် ငြင်းဆန်ခဲ့ပါတယ် ။ Reina ဆိုတဲ့ အမျိုးသမီးဟာ Yoshitsune အမည်ရှိ သူတို့အိမ်မှာ အသစ်အဆန်းတွေကို အမြဲတမ်းသတိထားနေတတ်တဲ့ အလွန်စပ်စုတဲ့ကြောင်မလေးတစ်ကောင်ကို မွေးထားပါတယ် ။

COVID ကန့်သတ်ချက်များကြောင့် လင်မယားဟာ အိမ်မှအလုပ်လုပ်ရန် မကြာသေးမီက Reina ဟာ သူမရဲ့ခင်ပွန်းအတွက် အသုံးပြုရန်ကုလားထိုင်အသစ်တစ်လုံးကို ဝယ်ခဲ့ပါတယ် ။ သို့ပေမဲ့ သူတို့က Yoshitsune ဟာ သူတို့ရဲ့အိမ်မှာ အသစ်ဖြစ်တဲ့အရာအားလုံးကို အမြဲလိုလားမေတာကို မေ့နေပုံရပါတယ် ။ဒါကြောင့် သူတို့က ကုလားထိုင်အသစ်လေး အိမ်ကိုယူလာတဲ့အချိန်မှာ Yoshitsune ဟာ ထိုင်ရန် ချက်ချင်းပဲ ပြေးထွက်လာခဲ့ပါတယ် ။

Reina ရဲ့ခင်ပွန်းက အလုပ်လုပ်ရန် ကုလားထိုင်ကို ပေါ်ထိုင်တဲ့အခါမှာ Yoshitsune က သူမရဲ့ခင်ပွန်းကို နှင်ထုတ်ဖို့ကြိုးစားနေတဲ့အချိန်မှာ အတော်လေးရယ်စရာ ဖြစ်ခဲ့ရပါတယ် ။ သူမဟာ သေးငယ်နေတာကြောင့် လူတွေကို တွန်းလို့မနိုင်ခဲ့ပါဘူး ။ သူမက တက်နိုင်သလောက် တွန်းရန် ကြိုးစားနေတဲ့ပုံဟာ “အဲဒါငါ့ဟာ!!! ထွက်သွား!!! ညောင်!!!” ဆိုပြီး ပြောပုံရပါတယ် ။နောက်တော့ ကြောင်က Reina ဆီမှ ကုလားထိုင်ရဖို့ အလွန်သနားစရာကောင်းအောင် ကြိုးစားခဲ့ပါတယ် ။

ဒါဟာ တကယ့်ကို ချစ်စရာကောင်းတဲ့ အဖြစ်အပျက်လေးပါ ။ သူမရဲ့အဖေဟာ အလုပ်မှအနားယူလိုက်ပြီး နောက်ဆုံးမှာ Yoshitsune က သူ့ကိုယ်သူထိုင်ခုံပေါ် ထိုင်လိုက်ပါတယ် ။ Reina က သူမရဲ့ bratty ကြောင်အတွက် ဒုတိယကုလားထိုင်ရဖို့ ဆိုင်ကို ပြန်ပြေးဝယ်ရမယ်လို့ Netizen တွေက မှတ်ချက်ချခဲ့ကြပါတယ် ။

Zawgyi






Be the first to comment

Leave a Reply

Your email address will not be published.


*