
သခင်ဖြစ်သူရဲ့ စွန့်စားခရီးအတွက် အဖော်ကောင်းတစ်ယောက် အမြဲဖြစ်ပေးခဲ့တဲ့ ကြောင်မလေး
ကြောင်အများစုဟာ ခရီးသွားဖို့ သိပ်စိတ်မဝင်စားကြပါဘူး။ သူတို့က များသောအားဖြင့် သူတို့ရဲ့နေအိမ်မှာဘဲ လုံလုံခြုံခြုံ နဲ့ သက်သောင့်သက်သာရှိမှုကိုသာ ကြိုက်ကြတာပါ။ အထူးသဖြင့် ကြောင်တစ်ကောင် နဲ့ ခရီးစဉ် အသစ်တစ်ခုကို သွားတဲ့အခါမှာ သူတို့က ကားမောင်းရန် အလွန်အကင်းပါးတာကြောင့်အာရုံစိုက်မှုများစွာ လိုအပ်ပါတယ်။ ဒါပေမဲ့ ဒီကြောင်မလေးကတော့ အဲ့လိုမျိုးမဟုတ်ပါဘူး။ ဒီကြောင်ကတော့ သူမရဲ့ပိုင်ရှင် နဲ့ အတူ စွန့်စားမှုတစ်ခုအတွက် အမြဲဘုတ် အဖွဲ့ဝင် ဖြစ်နေပါတယ်။ ၎င်းလှပတဲ့ ကြောင်မလေးက ဘာမှ ကြောက်ရွံ့ခြင်းမရှိပါဘူး။
ပိုင်ရှင်ဖြစ် Remy Vicarini အမည်ရှိ အမျိုးသားဟာ လွန်ခဲ့တဲ့ ခြောက်နှစ်က နေအိမ်ကနေ Cathode ကိုသွားရိန် ကြောင်မလေးကိုပါ ခေါ်ဆောင်သွားခဲ့ပါတယ်။ သို့ပေမဲ့ သူတို့က ထိုအချိန်မှစပြီး အတူတူခရီးလှည့်လည်ခဲ့ကြတဲ့အပြင် Remy ရဲ့ လေ့လာမှုခရီးစဥ်က ၆ လကြာလေ့လာမှာဖြစ်ပါတယ်။ Remy က ကြောင်မလေးကို တွေ့ပြီဆိုရင် သူတို့ဟာ စက်ဘီးနဲ့ တောင်တက်ခြင်း၊ ကောင်းကင်ပြာလှည့်လည်ခြင်းအထိ တစ်ဦး နဲ့ တစ်ဦး အပြန်အလှန် စွန့်စားမှု အမျိုးမျိုးပြုလုပ်ကြတာပါ။ Remy က သူမဘေးကင်းလုံခြုံမှု ရှိစေရန် သေချာစေတဲ့ ကျောပိုးအိတ် ထဲထဲပြီး မော်တော်ဆိုင်ကယ်စီးရင်လည်း သူမမျက်လုံးထဲလေဝင်ခြင်းကို ကာကွယ်စေတဲ့ ဦးထုပ်တွေလည်း ပြုလုပ်ပေးထားပါတယ်။
လူတွေက ဒီကြောင်ဟာ မော်တော်ဆိုင်ကယ်ပေါ်မှာ ဘယ်လိုနေနိုင်မလဲဆိုတာကိုလည်း တွေးမိခဲ့ပါတယ်။ ဒါကြောင့် Remy က သူမစက်ဘီးကိုအကျွမ်းတဝင်ရှိခဲ့ပြီး ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ သူမကိုပထမဆုံးမွေးစားမှု ပြုလုပ်တဲ့ညမှာ သူတို့က စက်ဘီးစီးခြင်းဖြင့် အိမ်ကို ပြန်ခဲ့ကြပြီး သူမနှစ်သူက်ခဲ့တယ်လို့ သိရပါတယ်။ အခုသူတို့တွေ အချိန်အကြာကြီးအတူနေခဲ့ကြပြီး Remy က “သူမက ကျွန်တော့်ကိုစိတ်ချမ်းသာစေတယ်၊ ကျွန်တော် သူမကိုလည်း အားကိုးနိုင်တယ်ဆိုတာ၊ ဒါကြောင့် သူမကို ကျွန်တော် ဘယ်တော့မှ အဆုံးရှုံးမခံနိုင်ဘူး” လို့ Remy က ဆိုခဲ့ပါတယ်။
#4
#5
#6
#7
#8
#9
#10
#11
#12
#13
#14
#15
#16
#17
#18
Leave a Reply