
သခင်ဖြစ်သူမှ မရှုပ်စေရန်အတွက် အိတ်ထဲတွင်ထည့်ကာ နံရံတွင် ချိန်ဆွဲထားသည့်အတွက် ဆူပုတ်ပုတ် မျက်နှာထားဖြင့် ကြည့်နေသည့် ကြောင်လေး အင်တာနက် အသုံးပြုသူများကြား ရေပန်းစားနေ
လူသားတို့သည် တိရိစ္ဆာန်များစွာကို အိမ်မွေးတိရိစ္ဆာန်အဖြစ် မွေးမြူကြပြီး ထိုထဲတွင် ကြောင်တို့သည်လည်း အပါအဝင်ပင်ဖြစ်သည်။ ကြောင်ဆိုသော တိရိစ္ဆာန်များ လူသားများနှင့် ပူးပူးကပ်ကပ်နေရသည်ကို သဘောကျကျပြီး လူတို့နားတွင် အမြဲပွတ်သပ်နေလေ့ရှိပေသည်။
ကြောင်တို့သည် လူအနားတွင် ပွတ်ကပ်နေသည်မှာ တိရိစ္ဆာန်တို့၏ ဗီဇဖြစ်သောကြောင့် နားလည်ပေးရပေသည်။တစ်ခါတစ်လေတွင် ကြောင်လေးတို့၏ အပြုအမူကြောင့် နေထိုင်ရ မလွတ်လပ်ခြင်း အလုပ်မတွင်ခြင်းများဖြစ်ပေါ်လာကာ စိတ်ဒုက္ခရောက်ကြရသည်။
ယခုတွင်လည်း အင်တာနက်အသုံးပြုသူတစ်ဦးသည် ကြောင်လေး၏ ပွတ်သီးပွတ်သပ်နေမှုကို သည်းမခံနိုင်တော့ပုံရပြီး အစားကို လွတ်လွတ်လပ်လပ် မစားရသောကြောင့် ကြောင်ကို အိတ်ထဲတွင်ထည့်ကာ နံရံပြတင်းပေါက်တွင် ချိတ်ဆွဲထားလိုက်ပေသည်။
ကြောင်လေး၏သခင်အဖို့တော့ လွတ်လွတ်လပ်လပ် အစားအသောက်ကို စားနိုင်သွားသော်လည်း ကြောင်လေး၏အကြည့်မှာတို့ သခင်ကို အတော်လေး စိတ်ဆိုးနေပုံရပါသည်။
Leave a Reply