သခင်ဖြစ်သူမသေဆုံးမီ လွှဲပြောင်းပေးခဲ့သော အမွေစာချုပ်ကြောင့် ကမ္ဘာပေါ်တွင် ပထမအချမ်းသာဆုံးဖြစ်လာသော ခွေးလေး
သခင်ဖြစ်သူမသေဆုံးမီ လွှဲပြောင်းပေးခဲ့သော အမွေစာချုပ်ကြောင့် ကမ္ဘာပေါ်တွင် ပထမအချမ်းသာဆုံးဖြစ်လာသော ခွေးလေး
ခွေးလေးများသည် လူတို့အတွက် အကောင်းဆုံးအဖော်အဖြစ် သစ္စာရှိရှိနေပေးသည့်အတွက် လူတို့ဆီကနေလည်း အထူးအခွင့်အရေးနှင့် အကျိုးခံစားခွင့် များစွာရရှိသည့် တိရစ္ဆာန်လေးများပင် ဖြစ်သည်။
သို့ဖြစ်၍ အမေရိကန်ပြည်ထောင်စုရှိ Lulu အမည်ပေးထားသော အသက် ၈နှစ်အရွယ် ခွေးလေးသည် သခင်ဖြစ်သူဧ။် ကျေးဇူးကြောင့် ပထမဦးဆုံးအနေနှင့် ကမ္ဘာပေါ်တွင် အချမ်းသာဆုံး ခွေးလေးတစ်ကောင် ဖြစ်လာပြီး နာမည်ကြီး ရေပန်းစားလျက်ရှိသည်။
Lulu ကို ၈ နှစ်တာကျွေးမွေးစောင့်ရှောက်ခဲ့သော ပိုင်ရှင်ဖြစ်သူမှာ Bill Dorris အမည်ရှိသော အသက် ၈၄နှစ်အရွယ် အဖိုးအို တစ်ယောက်ဖြစ်ပြီး မသေဆုံးခင် သူဧ။် ပိုင်ဆိုင်မှုအားလုံးကို အချစ်ဆုံးခွေးလေး Lulu အား အမွေဆက်ခံသူအဖြစ် လွှဲပြောင်းပေးခဲ့သည်။
အဖိုးအိုတွင် ဇနီးနှင့် သားသမီးများလည်း မရှိသည့်အပြင် တစ်ကိုယ်တည်းသမားဖြစ်၍ မသေခင်အမွေပေးဖို့ရာ သူဧ။်နံဘေးတွင် အဖော်လုပ်ပေးခဲ့သော ခွေးလေးLuluအား ဒေါ်လာ ၅သန်းအပြင် တိုက်နှင့်ကားအပါအဝင် ပိုင်ဆိုင်မှုအားလုံးကို စာချုပ်နှင့်တကွ ချန်ထားပေးခဲ့သည်။
အဖိုးအိုသည် သူဧ။်ချစ်ရသော ခွေးလေးLuluအား ဂရုတစိုက်နှင့် ကျွေးမွေး စောင့်ရှောက်ပေးသည့်သူမှ ဒေါ်လာ ၅သန်းအား Luluကနေတဆင့် လွှဲပြောင်းယူနိုင်ကြောင်း ရေးသားထားရာ ထိုအဖြစ်အပျက်သည် လူမှုကွန်ယက်တွင် အတော်လေးပျံ့နှံ့သွားခဲ့သည်။
Zawgyi
Be the first to comment
Leave a Reply
Your email address will not be published.
*