သခင်ဖြစ်သူနှင့် ဆိုင်ကယ်လိုက်ပါ စီးချင်၍ စည်းကမ်းအရ ရောဂါကာကွယ်ရန် maskလိုက်တပ်ထားသော ခွေးလေးနာမည်ကြီးနေ

သခင်ဖြစ်သူနှင့် ဆိုင်ကယ်လိုက်ပါ စီးချင်၍ စည်းကမ်းအရ ရောဂါကာကွယ်ရန် maskလိုက်တပ်ထားသော ခွေးလေးနာမည်ကြီးနေ

တစ်ကမ္ဘာလုံး ကပ်ရောဂါဖြစ်ပွားနေ၍ ကာကွယ်ရန် လူများသော နေရာသို့မဟုတ် အပြင်ထွက်သည်နှင့် masksများ တပ်ဆင်ရမည့် စည်းကမ်းချက်ကို လူတိုင်း လိုက်နာကြရသည်။

သို့ဖြစ်၍ မလေးရှားနိုင်ငံဧ။် လမ်းမပေါ်ရှိ မီးနီတွင်ရပ်ထားသော ဆိုင်ကယ်ပေါ်က maskတပ်ထားပြီး သခင်ဖြစ်သူနှင့်အတူ လိုက်ပါစီးနှင်းနေသော ခွေးလေးဧ။် ပုံရိပ်သည် လူမှုကွန်ယက်တွင် အတော်လေး နာမည်ကြီးလျက်ရှိသည်။

ထိုခွေးလေးသည် သခင်ဖြစ်သူဧ။် ဆိုင်ကယ်ရှေ့ကနေ ငြိမ်သက်စွာ လိုက်ပါလာသည့်အပြင် ကပ်ရောဂါ ကာကွယ်ရေးစည်းကမ်းချက်နှင့်အညီ maskကိုပါ တပ်ဆင်ထားခြင်းဖြစ်သည်။

ထိုအဖြစ်အပျက်လေးသည် လူမှုကွန်ယက်တွင် အလွန်နာမည်ကြီးနေပြီး ခွေးပိုင်ရှင်နှင့် ခွေးလေးတို့ဧ။် အတူတကွ စည်းကမ်းလိုက်နာမှုရှိသည့်အတွက် ချီးကျူးကာ လူသားအချို့မှာတော့ maskတပ်ဖို့ငြင်းဆန်ကြပြီး ခွေးလေးတောင်မှ တပ်ဆင်ထားသည်ဆိုသော ဝေဖန်ချက်များ ပြောဆိုနေကြသည်

Zawgyi






Be the first to comment

Leave a Reply

Your email address will not be published.


*