သခင်ဖြစ်သူဆယ်ကျော်သက်ကောင်လေးနဲ့ သူ့ရဲ့ မိသားစုဝင်တွေအတွက် ပိုက်ဆံရအောင် ကူညီပေးနေခဲ့တဲ့ ခွေးလိမ္မာလေး(videoဖိုင်)

သခင်ဖြစ်သူဆယ်ကျော်သက်ကောင်လေးနဲ့ သူ့ရဲ့ မိသားစုဝင်တွေအတွက် ပိုက်ဆံရအောင် ကူညီပေးနေခဲ့တဲ့ ခွေးလိမ္မာလေး(videoဖိုင်)

ဒီတစ်ခေါက်မှာ Netizen တွေအများအပ့ားကို ဆွဲဆောင်လာနိုင်လိုက်တဲ့ သူကတော့ ဖိလစ်ပိုငိနိုင်ငံ၊မနီလာမြို့ မှာနေထိုင်တဲ့ Blackjacj လို့ခေါ်တဲ့ ခွေးလိမ္မာလေးတစ်ကောင်ဘဲဖြစ်ပါတယ်။Blackjack လေးဟာ သူ့ရဲ့ ဆယ်ကျော်သက်သခင်လေး Squino Redeloza နဲ့အတု မိသားစုဝင်တွေအတွက် ပိုက်ဆံရအောင် ကူညီရှာဖွေပေးနေခဲ့ပါတယ်။

Blackjack လေးက ကကွတ်တွေ၊ခွေးလှည့်ကွက်တွေ၊သင်္ချာဥာဏ်စမ်းပုဒ်စာလေးတွေ၊ဓာတ်ပုံရိုက်ကူးတဲ့အချိန်တွေမှာ pose လေးတွေကိုပါ ပေးတတ်သေးတာကြောင့် South China Morning Post မှာ ဖော်ပြခြင်းခံခဲ့ရပါတယ်။ သူ့ရဲ့ သခင်လေးဖြစ်သူ Aquino Redeloza က “Blackjack အသက် ၈လ လောက်ကတည်းက ကျွန်တော် Train လာခဲ့တာပါ” လို့ ပြောဆိုခဲ့ပါတယ်။

အခုတော့ Blackjack လေးဟာ သူ့ရဲ့ ဆယ်ကျော်သက် သခင်းလေးရဲ့ ကျောင်းစရိတ်အတွက်သာမက မိသားစုဝင်တွေအတွက်ပါ မနီလာမြို့က လမ်းဘေးမှာ ပိုက်ဆံရအောင် ကူညီရှာဖွေပေးနိုင်ခဲ့ပါတယ်။တစ်ကယ်တော့ ခွေးလေးတွေဆိုတာ ကမ္ဘာပေါ်မှာ သခင့်အပေါ်သစ္စာရှိပြီး လူတွေရဲ့ အခင်ဆုံးသူငယ်ချင်းကောင်းလို့တော့ ဆိုလို့ရပါတယ်။

Zawgyi





Be the first to comment

Leave a Reply

Your email address will not be published.


*