သခင်ဖြစ်သူက ဦးနှောက်ကင်ဆာရောဂါနဲ့ အသက်ဆုံးသွားပြီးချိန် ၁၅မိနစ်အကြာမှာဘဲ လိုက်သေသွားတဲ့ သစ္စာရှိတဲ့ခွေး

သခင်ဖြစ်သူက ဦးနှောက်ကင်ဆာရောဂါနဲ့ အသက်ဆုံးသွားပြီးချိန် ၁၅မိနစ်အကြာမှာဘဲ လိုက်သေသွားတဲ့ သစ္စာရှိတဲ့ခွေး

Stuart Hutchinson လို့ခေါ်တဲ့ အအျိုးသားတစ်ဦးဟာ လွန်ခဲ့တဲ့၈နှစ်လောက်ကတည်းက ဦးနှောက်အကျိတ်ဖြစ်တဲ့ ဝေဒနာကို ခံစားခဲ့ရပါတယ်။သူ့မှာသစ္စာအရမ်းရှိတဲ့ Nero အမည်နဲ့ ပြင်သစ်ခွေးဘီးလူးလေး တစ်ကောင်ရှိပါတယ်။Stuartဟာ ဓာတုကုထုံးတွေ၊ခွဲစိတ်ကုသမှုတွေခံယူပြီးနောက် ကံမကောင်းစွာနဲ့ဘဲ သြဂုတ်လ ၁၁ရက်နေ့မှာ အသက် ၂၅နှစ်နဲ့ သေဆုံးသွားခဲ့ရပါတယ်။Stuart သေဆုံးပြီး မကြာမှီ ၁၅မိနစ်လောက်မှာဘဲ သူ့ရဲ့ သစ္စာရှိခွေးဘီးလူးလေးလည်း လိုက်ပြီးသေဆုံးသွားခဲ့ပါတယ်။

Stuart ရဲ့ အမေဖြစ်သူက “Stuart က ည ၁၁:၁၅ လောက်မှာ သေဆုံးသွားခဲ့တယ်။သူ့ရဲ့ ခွေးလေးကတော့ Stuart သေပြီး မိနစ်အနည်းငယ်လောက်မှာဘဲ လိုက်ပြီး သေဆုံးသွားခဲ့ပါတယ်။Stuart မှာ ခွေးသုံးကောင်ရှိတယ်ဆိုပေမဲ့ Nero. လေးနဲ့က ပိုခင်မင်ရင်းနှီးတယ်။Stuart ဟာ သူမွေးဖွားရာနေရာဖြစ်တဲ့ သူ့ပိမ်မှာဘဲ အသက်သေဆုံးသွားချင်တယ်လို့ ပြောပါတယ်။

ဒါကြောင့် ကျွန်မတို့ သူ့ကို အိမ်မှာစောင့်ရှောက်ခဲ့ပါတယ်” လို့ အမေဖြစ်သူက ပြောပြထားပါတယ်။နောက်ပြီး “၂၀၁၈ခုနှစ် ကုန်ခါနီးတုန်းက Stuart ဟာ ဓာတုကုထုံး ခံယူဖို့ ဆေးရုံ တက်ခဲ့သေးပါတယ်။သုံးလတစ်ခ့ကုရပြီး မတ်လမှာ အဲ့ဒီကုထုံးက အလုပ်ခဲ့ပါတယ်။နောက်တော့ သူက Danielke နဲ့အတူ မေလမှာ စပိန်ကို အပျော်ခရီးထွက်ခဲ့ကြပါတယ်။အဲ့ဒီခရီးစဥ်မှာဘဲ Stuart ဟာ သူ့ရဲ့ လက်တွေနာကျင်လာတာကိုစပြီး သတိပြုမိလာခဲ့ပါတယ်။

နောက်ဇွန်လရောက်တော့ သူ့လက်မောင်းတစ်ခုလုံးနာကျင်ခဲ့တာကြောင့် Scanရိုက်လိုက်တဲ့အချိန်မှာ သူ့ရဲ့ ဦးနှောက်မှာ ကင်ဆာဖြစ်နေပြီဆိုတာကိုသိခဲ့ရတယ်” လို့ ဖခင်ဖြစ်သူက ထပ်မံပြောပြလိုက်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*