
သခင်ဖြစ်သူကို ကျေးဇူးဆပ်နိုင်ရန်အတွက် ကုန်ပစ္စည်းမျိုးစုံကို ရောင်းချကာ စီးပွားရှာနေသည့် စျေးသည်ကြောင်မလေး
ယခုဖော်ပြပေးမယ့် အကြောင်းအရာလေးကတော့ အထူးအဆန်းလေးတွေကို စိတ်ဝင်စားပြီး ကြောင်ချစ်သူများအတွက်ဖြစ်ပါတယ်။ကြောင်မလေးရဲ့နာမည်ဟာ Bong Bongဖြစ်ပြီးတော့ စကော့တလန်ကြောင်မျိုးနွယ်ဖြစ်ကာ ယခုအချိန်တွင် ထိုင်းနိုင်ငံမှ သခင်များက မွေးမြူထားခြင်းဖြစ်ပါတယ်။
ကြောင်ကလေးမလေးဟာ ကုန်ပစ္စည်းမျိုးစုံကို အမှန်တကယ်ပင် လူသားတစ်ယောက်လို ရောင်းချနိုင်တာဖြစ်ပါတယ်။ကုန်ပစ္စည်းတိုင်းကို စိတ်ရှည်လက်ရှည်ဖြင့် ထိုင်ရောင်းတတ်လေ့ရှိပြီး ပစ္စည်းများကို ပစ်ထားကာ ထွက်သွားလေ့မရှိဘူးဟု သိရပါတယ်။
ထိုင်းနိုင်ငံတွင်တော့ ကြောင်မလေးကို လူသိများလာခဲ့ပြီး လိုင်းပေါ်တွင် တွေ့ရှိသူများက အယုံအကြည်မရှိခဲ့ကြပါဘူး။သို့သော်လည်း အပြင်တွင်တွေ့မြင်ပြီးသူများကတော့ ကြောင်ကလေး၏ စွမ်းရည်ကို အမှန်တကယ်ပင် အသိအမှတ်ပြုကြရပေသည်။
#5
#6
#7
#8
#9
#10
#11
Leave a Reply