
သခင်ကိုလာရောက်ခေါ်ဆောင်သွားမဲ့ သတို့သားလောင်းကို အိမ်ခန်းထဲလုံးဝမပေးဝင်ဘဲ ပိတ်ဆို့တားဆီးထားခဲ့တဲ့ ခွေးလေး
ခွေးလေးတွေဟာ သခင့်အပေါ် သစ္စာရှိလွန်းလှပြီး ၊ သခင့်ကို အသက်နဲ့လဲပြီး ကာကွယ်စောင့်ရှောက်တတ်တယ်ဆိုတာကို သိရှိပြီးသားဖြစ်ကြမှာပါ ။ ဒီတစ်ခေါက်မှာလည်း တရုတ်နိုင်ငံက ခွေးလေးတစ်ကောင်ရဲ့လုပ်ရပ်ကြောင့် မင်္ဂလာပွဲဟာ ဟာသဆန်ဆန်ဖြစ်ခဲ့ရပါတယ် ။
အကြောင်းကတော့ ကိုယ့်ရဲ့သခင် သတို့သမီးကို အိမ်ခန်းထဲသို့ဝင်ပြီး လာရောက်ခေါ်ဆောင်သွားမဲ့ သတို့သားလောင်းကို လုံးဝမပေးဝင်ဘဲ တံခါးပေါက်မှာ ခွေးလေးက တားဆီးထားလို့ပါပဲ ။ အဆိုပါ မင်္ဂလာပွဲနေ့မှာ သတို့သားဟာ သတို့သားအရံတွေနဲ့ သတို့သမီးအိမ်သို့ရောက်ရှိလာခဲ့ပါတယ် ။ ထို့နောက် အိမ်ခန်းထဲထိဝင်ဖို့ကြိုးစားခဲ့ပေမဲ့လည်း ခွေးလေးက တားဆီးနေခဲ့တာပါ ။ သတို့သမီးရဲ့ဖခင်ဖြစ်သူက ခွေးလေးကို အကြိမ်ကြိမ်အခြားနေရာသို့ ပြောင်ရွှေ့ခေါ်ဆောင်သွားပေမဲ့လည်း ခွေးလေးက လုံးဝလက်မလျှော့ခဲ့ပါဘူး ။
နောက်ဆုံး ခွေးလေးကို အခြားအခန်းတစ်ခုအတွင်းသို့ ပြောင်းရွှေ့ခေါ်ဆောင်သွားခဲ့ပြီးမှ သတို့သားဟာ သတို့သမီးနဲ့ တွေ့ဆုံခွင့်ရသွားခဲ့တာပါ ။ အရင်ချိန်ကတည်းက သတို့သား နှင့် ခွေးလေးတို့ဟာ ရင်နှီးနေပေမဲ့လည်း ဒီတစ်ခေါက်မှာတော့ သတို့သားအရံတွေလည်း ပါလာခဲ့လို့ သခင့်ကိုစိတ်မချဘဲ ယခုလို ကာကွယ်ပေးနေခဲ့တာဖြစ်ပါတယ် ။ ခွေးလေးဟာ သတို့သမီးနှင့်အတူ 7 နှစ်ခန့်အတူ နေလာခဲ့တဲ့ သံယောဇဉ်တွေကြောင့် အဆိုပါအဖြစ်ကို အခန်းထဲကနေကြားနေခဲ့ရတဲ့ သတို့သမီးမှာတော့ စိတ်မကောင်းဖြစ်ခဲ့ရကြောင်း သိရှိရပါတယ် ။
Zawgyi
သခင္ကိုလာေရာက္ေခၚေဆာင္သြားမဲ့ သတို႔သားေလာင္းကို အိမ္ခန္းထဲလုံးဝမေပးဝင္ဘဲ ပိတ္ဆို႔တားဆီးထားခဲ့တဲ့ ေခြးေလး
ေခြးေလးေတြဟာ သခင့္အေပၚ သစၥာရွိလြန္းလွၿပီး ၊ သခင့္ကို အသက္နဲ႔လဲၿပီး ကာကြယ္ေစာင့္ေရွာက္တတ္တယ္ဆိုတာကို သိရွိၿပီးသားျဖစ္ၾကမွာပါ ။ ဒီတစ္ေခါက္မွာလည္း တ႐ုတ္ႏိုင္ငံက ေခြးေလးတစ္ေကာင္ရဲ႕လုပ္ရပ္ေၾကာင့္ မဂၤလာပြဲဟာ ဟာသဆန္ဆန္ျဖစ္ခဲ့ရပါတယ္ ။
အေၾကာင္းကေတာ့ ကိုယ့္ရဲ႕သခင္ သတို႔သမီးကို အိမ္ခန္းထဲသို႔ဝင္ၿပီး လာေရာက္ေခၚေဆာင္သြားမဲ့ သတို႔သားေလာင္းကို လုံးဝမေပးဝင္ဘဲ တံခါးေပါက္မွာ ေခြးေလးက တားဆီးထားလို႔ပါပဲ ။ အဆိုပါ မဂၤလာပြဲေန႔မွာ သတို႔သားဟာ သတို႔သားအရံေတြနဲ႔ သတို႔သမီးအိမ္သို႔ေရာက္ရွိလာခဲ့ပါတယ္ ။ ထို႔ေနာက္ အိမ္ခန္းထဲထိဝင္ဖို႔ႀကိဳးစားခဲ့ေပမဲ့လည္း ေခြးေလးက တားဆီးေနခဲ့တာပါ ။ သတို႔သမီးရဲ႕ဖခင္ျဖစ္သူက ေခြးေလးကို အႀကိမ္ႀကိမ္အျခားေနရာသို႔ ေျပာင္ေ႐ႊ႕ေခၚေဆာင္သြားေပမဲ့လည္း ေခြးေလးက လုံးဝလက္မေလွ်ာ့ခဲ့ပါဘူး ။
ေနာက္ဆုံး ေခြးေလးကို အျခားအခန္းတစ္ခုအတြင္းသို႔ ေျပာင္းေ႐ႊ႕ေခၚေဆာင္သြားခဲ့ၿပီးမွ သတို႔သားဟာ သတို႔သမီးနဲ႔ ေတြ႕ဆုံခြင့္ရသြားခဲ့တာပါ ။ အရင္ခ်ိန္ကတည္းက သတို႔သား ႏွင့္ ေခြးေလးတို႔ဟာ ရင္ႏွီးေနေပမဲ့လည္း ဒီတစ္ေခါက္မွာေတာ့ သတို႔သားအရံေတြလည္း ပါလာခဲ့လို႔ သခင့္ကိုစိတ္မခ်ဘဲ ယခုလို ကာကြယ္ေပးေနခဲ့တာျဖစ္ပါတယ္ ။ ေခြးေလးဟာ သတို႔သမီးႏွင့္အတူ 7 ႏွစ္ခန႔္အတူ ေနလာခဲ့တဲ့ သံေယာဇဥ္ေတြေၾကာင့္ အဆိုပါအျဖစ္ကို အခန္းထဲကေနၾကားေနခဲ့ရတဲ့ သတို႔သမီးမွာေတာ့ စိတ္မေကာင္းျဖစ္ခဲ့ရေၾကာင္း သိရွိရပါတယ္ ။
Leave a Reply