
အိမ်မွေးတိရိစ္ဆာန်လေးမွေးချင်ခဲ့ရင်တော့ သင့်ရဲ့တန်ဖိုးရှိတဲ့ပစ္စည်းတွေကို လုံခြုံစိတ်ချရတဲ့နေရာမှာ သိမ်းထားသင့်ပါတယ်။သင်တို့ရဲ့အချစ်တော်လေးတွေက သင်တို့ချစ်သလောက် သူတို့က အဆိုးဆုံးနည်းလမ်းတွေနဲ့ ဖျက်ဆီးတတ်ကြပါတယ်။မကြာသေးခင်က Twitter အသုံးပြုသူ @mamblonumber5 ဟာ သူ့ကိုယ်ပိုင်အိမ်မွေးတိရိစ္ဆာန်က သူ့ရဲ့ဘွဲ့လက်မှတ်ကို ကိုက်ဖြဲလိုက်လို့ ”
ငါ့ f** cking ကြောင်က ငါ့ဒီဂရီဘွဲ့လက်မှတ်ကို စားလိုက်တယ် ” ဆိုတဲ့ caption နဲ့မျှဝေခဲ့ပြီးနောက် ၎င်း tweet ဟာ အခုအချိန်ထိ retweet ပေါင်း ၇၇,၅၀၀ နဲ့ Like ပေါင်း ၄၈၃,၀၀ ကျော် ရရှိခဲ့ပါတယ်။သူမျှဝေခဲ့တဲ့ပုံမှာ Nottingham တက္ကသိုလ်မှ ချီးမြင့်တဲ့ဘွဲ့လက်မှတ်ဟာ အောက်ဆုံးထောင့်မှာ ကိုက်ဖြတ်ရာများနှင့်အတူ ထင်ရှားစွာတွေ့နိုင်ပါတယ်။
နောက်ပိုင်း သူက ” သူ့နာမည်က Mika ဘဲ” လို့ဆိုပြီး ကြည်ညိုစရာကောင်းတဲ့ တရားခံရဲ့ပုံကိုပါ တင်ခဲ့ပါသေးတယ်။ကြောင်လေးကတော့ သခင့်ကို နောက်လိုက်ရလို့ ကျေနပ်အားရနေပုံပါဘဲ။အင်တာနက်အသုံးပြုသူတော်တော်များများက ၎င်းအကြောင်းအရာနဲ့ပတ်သက်ပြီး သူတို့ကိုယ်ပိုင်ထိတ်လန့်ဖွယ်ဇာတ်လမ်းတွေနဲ့ တုံ့ပြန်ခဲ့ကြပါတယ်။
လူတစ်ယောက်က ” ကျွန်တော်လည်း အခြားနိုင်ငံမသွားခင် တစ်ပတ်အလိုမှာ ကျွန်တော့်ခွေးက ကျွန်တော့်ရဲ့နိုင်ငံကူးစာရွက်စာတမ်းတွေကို ကိုက်စားခဲ့တယ် ” လို့ မှတ်ချက်ပေးခဲ့ပါသေးတယ်။@mamblonumber5 က Mikaက ဘယ်တုန်းကမှ သူ့ဒီဂရီတွေကို မစားခဲ့ဖူးဘူး အခုမှ ထူးထူးဆန်းဆန်း ကိုက်စားခဲ့တာ တော်သေးလို့ အကုန်မကိုက်ပစ်တာလို့ ဆိုခဲ့ပါသေးတယ်။
Leave a Reply