
ဒီတစ်ခေါက်ဖော်ပြမဲ့ ကြောင်လေးကတော့ သခင့်အပေါ် အရမ်းဆိုးတယ်လို့ပြောရမှာပါပဲ ။ အကြောင်းကတော့ သခင်ဖြစ်သူနဲ့ အတူဆော့ကစားနေတုန်း သခင့်ရဲ့မျက်နှာလှလှလေးပေါ်ကို ကြီးမားတဲ့ ဒဏ်ရာဒဏ်ချက်ဖြစ်အောင် ကုတ်ခြစ်ပစ်ခဲ့တာပါပဲ ။
သခင်ဖြစ်သူမှာလည်း အရောင်းစာရေးတစ်ယောက်ဖြစ်နေလို့ မျက်နှာပေါ်က ဒဏ်ရာတွေအမာရွက်ကျန်ခဲ့မှာကိုကြောက်နေပြီး အလုပ်သွားတိုင်း အခက်အခဲဖြစ်နေခဲ့တာပါ ။
တစ်ခါတစ်လေ သခင်ဖြစ်သူက အလုပ်ထွက်ရမလားဆိုတဲ့အထိ အတွေးဝင်နေခဲ့တာပါပဲ ။ ဒါကိုကြောင်လေးက သူအပြစ်လုပ်ထားမှန်းသိလို့ သူ့အပေါ်စိတ်ဆိုးဒေါသထွက်နေတဲ့ သခင်ကို အမြဲအပြုံးလေးနဲ့ လာလာချော့လေ့ရှိပါတယ် ။ ကိုယ်သာ သခင်ဖြစ်ခဲ့ရင်လည်း ကြောင်လေးကို စိတ်ဆိုးဒေါသထွက်ခဲ့မိမှာပါပဲလေ ။
ဒါပေမဲ့ သခင်ဖြစ်သူကတော့ ကြောင်လေးကို စိတ်ဆိုးလို့ ပြင်းပြင်းထန်ထန်အပြစ်ပေးခဲ့တာမျိုး မရှိပါဘူး ။
Leave a Reply