သခင့်နှုတ်ခမ်းနီကိုဖျက်ဆီးပြီး ‘သခင်မသိပါဘူး’ ဆိုတဲ့အထာနဲ့ ခပ်တည်တည် နေနေခဲ့တဲ့ ခွေးလေး

သခင့်နှုတ်ခမ်းနီကိုဖျက်ဆီးပြီး ‘သခင်မသိပါဘူး’ ဆိုတဲ့အထာနဲ့ ခပ်တည်တည် နေနေခဲ့တဲ့ ခွေးလေး

ခွေးလေးတွေက ဘာဘဲ မြင်မြင် ရှုကြည့်ပြီး ကိုက်ချင်တိုင်း ကိုက်တတ်ကြပါတယ် ။ အခုလည်း ဒီခွေးလေးကတော့ သခင့်ရဲ့ ဈေးကြီးတဲ့ နှုတ်ခမ်းနီတွေကို ကိုက်ဖြတ်ပြီး သူမလုပ်ထားသလိုနဲ့ ချေမိုးပြီး ကုတင်ပေါ်တက်ထိုင်ရင်း pose လှလှလေးပါပေးနေခဲ့ပါသေးတယ် ။ သခင်ဖြစ်သူကလည်း သူမရဲ့အလှကုန်တွေကို အမှတ်မထင်ဘဲ လျှောက်ထားခဲ့ပုံပါဘဲ ။

ခွေးလေးက အမွေးဖြူဖြူလေးပေါ် အနီလေးတွေ ပေနေပြီး အရောင်စပ်ထားသလို ဖြစ်နေတော့ တစ်မျိုးလေး လှနေပြန်ပါတယ် ။သခင်က သူမလုပ်ထားသလိုနေနေတဲ့ခွေးလေးကို “ ကျွန်တော် အမေ့ရဲ့နှုတ်ခမ်းနီကို စားခဲ့တယ်”လို့ရေးထားတဲ့ စာရွက်နဲ့ တရားခံပေါ်အောင် ဓာတ်ပုံရိုက်ထားခဲ့ပါသေးတယ်။

အဲ့တာကို သခင်ဖြစ်သူက “ ငါ နာမည်တပ်ပြီး မပြောချင်ဘူး ၊ ဒီမနက် တစ်ယောက်ယောက်က ငါ့နှုတ်ခမ်းနီကို ဖျက်ဆီးခဲ့တယ် ” ဆိုတဲ့ caption နဲ့ social media မှာ ဝေမျှပေးခဲ့တာပါ ။

#5

#6

#7

 

Be the first to comment

Leave a Reply

Your email address will not be published.


*