
ကြောင်လေးတွေက တစ်ခါတစ်လေ သခင့်အပေါ်စိတ်ဆိုးစိတ်ကောက်ကြီးလွန်းလှပါတယ် ။ ဒီတစ်ခေါက်မှာလည်း ကြောင်လေးတစ်ကောင်က သခင်ဖြစ်သူကိုစိတ်ဆိုးပြီး သခင့်အရုပ်မလေးရဲ့ ဆံပင်ကို ရစရာမရှိအောင် ကိုက်ဆွဲပစ်ခဲ့ပါတယ် ။
သခင်ဖြစ်သူက အစပိုင်းမှာ ကြောင်လေးက ဘာလုပ်မလဲဆိုပြီး စောင့်ကြည့်နေခဲ့ရာမှ နောက်ဆုံးကြောင်လေးရဲ့လုပ်ရပ်ကို အစ/အဆုံး မြင်တွေ့ခဲ့ရပြီးနောက်မှာတော့ ငိုရမလို ၊ ရယ်ရမလို ဖြစ်သွားခဲ့ရပါတယ် ။
သခင်ဖြစ်သူကတော့ ‘ အိမ်မှာကြောင်မွေးပြီးသကာလ lol’ ဆိုတဲ့ caption လေးနဲ့ ကြောင်လေးရဲ့ ဓာတ်ပုံတွေကို social media ပေါ် ဝေမျှသွားခဲ့တာပါ ။
Leave a Reply