သက်ရှိအရုပ်မလေးလို့ နာမည်ကြီးနေတဲ့ မိန်းကလေးရဲ့ မိတ်ကပ်မလိမ်းထားတဲ့ မူရင်းရုပ်ခံကြောင့် ပရိသတ်တွေ အံ့အားသင့်ခဲ့ရ

သက်ရှိအရုပ်မလေးလို့ နာမည်ကြီးနေတဲ့ မိန်းကလေးရဲ့ မိတ်ကပ်မလိမ်းထားတဲ့ မူရင်းရုပ်ခံကြောင့် ပရိသတ်တွေ အံ့အားသင့်ခဲ့ရ

Social media influencers တွေဟာ သူတို့ဝေမျှတဲ့ဓာတ်ပုံတွေက လှပလေ followers တွေ ပိုများများရလေပါ ။ Followers များလာတဲ့အလျောက် သူတို့တွေရဲ့ ဝင်ငွေဟာလည်း အတော်လေးကို များလာလျက်ရှိပါတယ် ။ ဒီတစ်ခေါက်ဖော်ပြမဲ့ တရုတ်နိုင်ငံက သက်ရှိအရုပ်မလေးလို့ တင်စားခံထားရတဲ့မိန်းကလေးဟာဆိုရင် top influencer တစ်ယောက်ဖြစ်နေပြီး တစ်ကယ့်အရုပ်မလေးလို ဝတ်စားဆင်ယင်ပြီး pose လေးတွေပေးကာ ဓာတ်ပုံရိုက်ကူးလေ့ရှိပါတယ် ။

သူမရဲ့ ခန္ဓာကိုယ် အချိုးအစားတွေကအစ အရုပ်မလေးနဲ့ လုံးဝဆင်တူနေခဲ့တာပါ ။Kina Shen လို့ လူသိများတဲ့သူမဟာ တရုတ်နိုင်ငံမှာတင်မက ကမ္ဘာအနှံ့မှာ ပရိသတ်အတော်များများရရှိထားသူပါ ။ ဒါကြောင့် ပရိသတ်တွေက မိတ်ကပ်မလိမ်းထားတဲ့ သူမရဲ့မူရင်းရုပ်ခံကို တွေ့ချင်ကြောင်း တောင်းဆိုလာခဲ့ကြပါတယ် ။ ဒါကြောင့် သူမကလည်း မကြာသေးခင်ကမှ မိတ်ကပ်မလိမ်းခြယ်ထားတဲ့ သူမရဲ့သဘာဝအလှကို ထုတ်ဖော်ပြခဲ့ပါတယ် ။

 

တစ်ကယ့်အရုပ်မလေး မျက်လုံးတွေလို အရမ်းကြီး မဝိုင်းနေပေမဲ့ သူမရဲ့အသားအရေ နဲ့ မူရင်းအလှက တစ်ကယ့်ကို အသက်ရှုမှားရလောက်အောင် ထင်ပေါ်နေခဲ့တာကတော့ အမှန်ပါပဲလေ ။ မိတ်ကပ်ကြောင့်မဟုတ်ဘဲ နဂိုရုပ်ခံကလည်း လှပနေခဲ့လို့ သူမရဲ့ရုပ်ပုံတွေက ထင်ပေါ်ကျော်ကြားနေတာဖြစ်ကြောင်း လူအများကမှတ်ချက်ပေးရေးသားခဲ့ကြပါတယ် ။

Zawgyi

သက္ရွိအ႐ုပ္မေလးလို႔ နာမည္ႀကီးေနတဲ့ မိန္းကေလးရဲ႕ မိတ္ကပ္မလိမ္းထားတဲ့ မူရင္း႐ုပ္ခံေၾကာင့္ ပရိသတ္ေတြ အံ့အားသင့္ခဲ့ရ

Social media influencers ေတြဟာ သူတို႔ေဝမွ်တဲ့ဓာတ္ပုံေတြက လွပေလ followers ေတြ ပိုမ်ားမ်ားရေလပါ ။ Followers မ်ားလာတဲ့အေလ်ာက္ သူတို႔ေတြရဲ႕ ဝင္ေငြဟာလည္း အေတာ္ေလးကို မ်ားလာလ်က္ရွိပါတယ္ ။ ဒီတစ္ေခါက္ေဖာ္ျပမဲ့ တ႐ုတ္ႏိုင္ငံက သက္ရွိအ႐ုပ္မေလးလို႔ တင္စားခံထားရတဲ့မိန္းကေလးဟာဆိုရင္ top influencer တစ္ေယာက္ျဖစ္ေနၿပီး တစ္ကယ့္အ႐ုပ္မေလးလို ဝတ္စားဆင္ယင္ၿပီး pose ေလးေတြေပးကာ ဓာတ္ပုံ႐ိုက္ကူးေလ့ရွိပါတယ္ ။

သူမရဲ႕ ခႏၶာကိုယ္ အခ်ိဳးအစားေတြကအစ အ႐ုပ္မေလးနဲ႔ လုံးဝဆင္တူေနခဲ့တာပါ ။Kina Shen လို႔ လူသိမ်ားတဲ့သူမဟာ တ႐ုတ္ႏိုင္ငံမွာတင္မက ကမာၻအႏွံ႔မွာ ပရိသတ္အေတာ္မ်ားမ်ားရရွိထားသူပါ ။ ဒါေၾကာင့္ ပရိသတ္ေတြက မိတ္ကပ္မလိမ္းထားတဲ့ သူမရဲ႕မူရင္း႐ုပ္ခံကို ေတြ႕ခ်င္ေၾကာင္း ေတာင္းဆိုလာခဲ့ၾကပါတယ္ ။ ဒါေၾကာင့္ သူမကလည္း မၾကာေသးခင္ကမွ မိတ္ကပ္မလိမ္းျခယ္ထားတဲ့ သူမရဲ႕သဘာဝအလွကို ထုတ္ေဖာ္ျပခဲ့ပါတယ္ ။

 

တစ္ကယ့္အ႐ုပ္မေလး မ်က္လုံးေတြလို အရမ္းႀကီး မဝိုင္းေနေပမဲ့ သူမရဲ႕အသားအေရ နဲ႔ မူရင္းအလွက တစ္ကယ့္ကို အသက္ရႈမွားရေလာက္ေအာင္ ထင္ေပၚေနခဲ့တာကေတာ့ အမွန္ပါပဲေလ ။ မိတ္ကပ္ေၾကာင့္မဟုတ္ဘဲ နဂို႐ုပ္ခံကလည္း လွပေနခဲ့လို႔ သူမရဲ႕႐ုပ္ပုံေတြက ထင္ေပၚေက်ာ္ၾကားေနတာျဖစ္ေၾကာင္း လူအမ်ားကမွတ္ခ်က္ေပးေရးသားခဲ့ၾကပါတယ္ ။

Be the first to comment

Leave a Reply

Your email address will not be published.


*