ဝယ်ယူခဲ့တဲ့ ကျပန်းလက်ဆောင်များပါဝင်တဲ့သေတ္တာဘူးထဲမှ ဒေါ်လာ ၄၀၀၀ ကျော်တန်ဖိုးရှိတဲ့ ကားတစ်စီးဆုကိုပေါက်သွားခဲ့တဲ့ မိန်းကလေး

ဝယ်ယူခဲ့တဲ့ ကျပန်းလက်ဆောင်များပါဝင်တဲ့သေတ္တာဘူးထဲမှ ဒေါ်လာ ၄၀၀၀ ကျော်တန်ဖိုးရှိတဲ့ ကားတစ်စီးဆုကိုပေါက်သွားခဲ့တဲ့ မိန်းကလေး

စိတ်ကောင်းနှလုံးကောင်းရှိတဲ့ ထိုင်း YouTube celebrity တစ်ဦးဖြစ်တဲ့ Pimrypie ဟာ ထိုင်းနိုင်ငံတစ်ဝှမ်း လိုအပ်နေသူများကိုကူညီရန် အာရုံစိုက်သည့် သူမရဲ့ဗီဒီယိုများမှတစ်ဆင့် နာမည်ကြီးကျော်ကြားလာခဲ့ပါတယ်။ ဒါ့ကြောင့် သူမရဲ့ ကျက်သရေရှိပြီး ရက်ရောတတ်တဲ့ကိုယ်ရည်ကိုယ်သွေးဖြင့်၊ သူမရဲ့ထုတ်ကုန်များအား ဝယ်ယူအားပေးသူများက တစ်ခါတစ်ရံမှာ အံ့အားသင့်စရာများ ရလောက်လားဟု သံသယထားစရာတောင်မလိုအပ်ပါဘူး။

မကြာသေးမီက Pimrypie ထံမှ ကျပန်းလက်ဆောင်သေတ္တာတစ်ဘူးကိုဝယ်ယူခဲ့တဲ့ ထိုင်းအမျိုးငမီးတစ်ဦးဟာ ကားအသစ်စက်စက်တစ်စီးကို လက်ခံရရှိသွားခဲ့ပါတယ်။ 2021 ခုနှစ် ဒီဇင်ဘာလ 1 ရက်နေ့၌ Pimrypie ၏ကျပန်းလက်ဆောင်သေတ္တာမှ Suzuki ကားတစ်စီးကိုရရှိခဲ့သည့် အဆိုပါ Patcha Mariasi အမည်ရှိအမျိုးသမီးရဲ့ဇာတ်လမ်းဟာ Facebook တွင် ပျံ့နှံ့သွားပြီးနောက် လူမှုကွန်ရက်ပေါ်မှာ လူပြောများသွားခဲ့ပါတယ်။

ထိုနေ့မှာ Patcha ဟာ Pimrypie ထံမှ သူမဝယ်ခဲ့တဲ့ကျပန်းလက်ဆောင်သေတ္တာ၌ ပါရှိသည့်ပစ္စည်းများကို review လုပ်ပေးဖို့ Facebook မှာ သူငယ်ချင်းဖြစ်သူနဲ့အတူ တိုက်ရိုက်ထုတ်လွှင့်မှုတစ်ခုတင်ပြီးနောက် မကြာမီမှာဘဲ ၎င်းကိစ္စဟာဖြစ်ပျက်သွားခဲ့ပါတယ်။ သူမရရှိခဲ့တဲ့လက်ဆောင်တိုင်းကို ပရိသတ်ကိုပြသနေစဉ်မှာ သူမရဲ့သူငယ်ချင်းက အဝါရောင်ဖဲကြိုးပါတဲ့ သေတ္တာငယ်လေးကို တွေ့ရှိခဲ့ပါတယ်။

ထို့နောက် Patcha ဟာ သေတ္တာကို စိတ်လှုပ်ရှားစွာ ဖွင့်လိုက်ပြီး Pimrypie မှပေးတဲ့ ကတ်တစ်ကတ်နှင့်အတူ ကားသော့တစ်ချောင်းကိုတွေ့လိုက်တဲ့အခါ သူမဟာ စိတ်လှုပ်ရှားမှုနှင့် ပျော်ရွှင်မှုကိုထိန်းမထားနိုင်ခဲ့ပါဘူး။ သူမဟာ ကတ်ပေါ်ကပေးထားတဲ့နံပါတ်ကိုခေါ်ဆိုခဲ့ပြီးနောက်မှာတော့ ကြီးကျယ်တဲ့ဆုရရှိခဲ့ကြောင်း Pimrypie ရဲ့ လက်ထောက်က ပြောပြခဲ့ပါတယ်။သို့ပေမဲ့လည်း သူမရရှိမယ့်အရာက သူမမျှော်လင့်ထားတာထက် ကျော်လွန်နေခဲ့ပါတယ်။ Patcha ဟာ သူမရဲ့ကြီးကျယ် ခမ်းနားတဲ့ ဆုကိုမျှော်လင့်ကာ စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေခဲ့ပြီး Suzuki Swift ကားတစ်စီးကိုရရှိတော့မှာကို သူမသိနေခဲ့ပါဘူး။

ထို့နောက် ကံကောင်းတဲ့ Patcha ဟာ အနီရောင်ဖဲကြိုးဖြင့်ချည်ထားတဲ့ အနီရောင်ကားက သူမအတွက် ရည်ရွယ်ထားတာကို တွေ့လိုက်ရတဲ့အခါ အံ့ဩပြီးဝမ်းသာသွားခဲ့ပြီး Patcha ဟာ သူမကားအသစ်နှင့် ဓာတ်ပုံရိုက်ကာ Pimrypie ရဲ့လက်ထောက်ထံမှလည်း ဝမ်းမြောက်ကြောင်းပန်းစည်းကို လက်ခံရရှိခဲ့ပါတယ်။

သို့ပေမဲ့လည်း၊ အချို့သောသူများက Pimrypie နှင့် Patcha တို့ဟာ ကျပန်းလက်ဆောင်သေတ္တာကိုကြော်ငြာရန် ဤ “လက်ဆောင်” ကို အတူတကွ ကြံစည်ခြင်းရှိမရှိ စဉ်းစားလာတာကြောင့် ၎င်းဖြစ်ရပ်ဟာ သုံးစွဲသူများအကြား ပြဿနာတစ်ရပ်ဖြစ်လာခဲ့ပါတယ်။ကံကောင်းထောက်မစွာ Patcha က သူမ၏ဖေ့စ်ဘုတ်အကောင့်မှာ ဖြစ်ပျက်ခဲ့သမျှသည် ကြံစည်မှုမဟုတ်ကြောင်း ဖော်ပြခဲ့ပြီး Pimrypie ဟာ ကျပန်းလက်ဆောင်သေတ္တာကို ပရိုမိုးရှင်းလုပ်ရန် သူမကိုမငှါးရမ်းခဲ့ခြင်းလည်းမရှိကြောင်းပြောကြားခဲ့ပါတယ်။

၎င်းဇာတ်လမ်းပျံ့နှံ့သွားပြီးနောက် ကြည့်ရှုမှု 271K ကျော်နှင့် မှတ်ချက်ပေါင်း 1.2K ကျော်ဖြင့် အင်တာနက်အသုံးပြုသူအများအပြားဟာ ဇာတ်လမ်းနှင့်ပတ်သက်၍ ၎င်းတို့၏မှတ်ချက်များကိုမျှဝေခဲ့ကြပြီး ကျပန်းလက်ဆောင်သေတ္တာကို ဝယ်ယူရန် စိတ်ဝင်စားကြောင်း ဖော်ပြခဲ့ကြပါတယ်။ 150,000 ฿ (~USD4,431.25) တန် ကားတစ်စီးရရှိခြင်းဟာ အလွန်အံ့သြစရာကောင်းသည်ဟု အင်တာနက်အသုံးပြုသူတစ်ဦးကလည်း ယူဆခဲ့ပါတယ်။

Zawgyi

ဝယ္ယူခဲ့တဲ့ က်ပန္းလက္ေဆာင္မ်ားပါဝင္တဲ့ေသတၱာဘူးထဲမွ ေဒၚလာ ၄၀၀၀ ေက်ာ္တန္ဖိုးရွိတဲ့ ကားတစ္စီးဆုကိုေပါက္သြားခဲ့တဲ့ မိန္းကေလး


စိတ္ေကာင္းႏွလုံးေကာင္းရွိတဲ့ ထိုင္း YouTube celebrity တစ္ဦးျဖစ္တဲ့ Pimrypie ဟာ ထိုင္းႏိုင္ငံတစ္ဝွမ္း လိုအပ္ေနသူမ်ားကိုကူညီရန္ အာ႐ုံစိုက္သည့္ သူမရဲ႕ဗီဒီယိုမ်ားမွတစ္ဆင့္ နာမည္ႀကီးေက်ာ္ၾကားလာခဲ့ပါတယ္။ ဒါ့ေၾကာင့္ သူမရဲ႕ က်က္သေရရွိၿပီး ရက္ေရာတတ္တဲ့ကိုယ္ရည္ကိုယ္ေသြးျဖင့္၊ သူမရဲ႕ထုတ္ကုန္မ်ားအား ဝယ္ယူအားေပးသူမ်ားက တစ္ခါတစ္ရံမွာ အံ့အားသင့္စရာမ်ား ရေလာက္လားဟု သံသယထားစရာေတာင္မလိုအပ္ပါဘူး။

မၾကာေသးမီက Pimrypie ထံမွ က်ပန္းလက္ေဆာင္ေသတၱာတစ္ဘူးကိုဝယ္ယူခဲ့တဲ့ ထိုင္းအမ်ိဳးငမီးတစ္ဦးဟာ ကားအသစ္စက္စက္တစ္စီးကို လက္ခံရရွိသြားခဲ့ပါတယ္။ 2021 ခုႏွစ္ ဒီဇင္ဘာလ 1 ရက္ေန႔၌ Pimrypie ၏က်ပန္းလက္ေဆာင္ေသတၱာမွ Suzuki ကားတစ္စီးကိုရရွိခဲ့သည့္ အဆိုပါ Patcha Mariasi အမည္ရွိအမ်ိဳးသမီးရဲ႕ဇာတ္လမ္းဟာ Facebook တြင္ ပ်ံ႕ႏွံ႔သြားၿပီးေနာက္ လူမႈကြန္ရက္ေပၚမွာ လူေျပာမ်ားသြားခဲ့ပါတယ္။

ထိုေန႔မွာ Patcha ဟာ Pimrypie ထံမွ သူမဝယ္ခဲ့တဲ့က်ပန္းလက္ေဆာင္ေသတၱာ၌ ပါရွိသည့္ပစၥည္းမ်ားကို review လုပ္ေပးဖို႔ Facebook မွာ သူငယ္ခ်င္းျဖစ္သူနဲ႔အတူ တိုက္႐ိုက္ထုတ္လႊင့္မႈတစ္ခုတင္ၿပီးေနာက္ မၾကာမီမွာဘဲ ၎ကိစၥဟာျဖစ္ပ်က္သြားခဲ့ပါတယ္။ သူမရရွိခဲ့တဲ့လက္ေဆာင္တိုင္းကို ပရိသတ္ကိုျပသေနစဥ္မွာ သူမရဲ႕သူငယ္ခ်င္းက အဝါေရာင္ဖဲႀကိဳးပါတဲ့ ေသတၱာငယ္ေလးကို ေတြ႕ရွိခဲ့ပါတယ္။

ထို႔ေနာက္ Patcha ဟာ ေသတၱာကို စိတ္လႈပ္ရွားစြာ ဖြင့္လိုက္ၿပီး Pimrypie မွေပးတဲ့ ကတ္တစ္ကတ္ႏွင့္အတူ ကားေသာ့တစ္ေခ်ာင္းကိုေတြ႕လိုက္တဲ့အခါ သူမဟာ စိတ္လႈပ္ရွားမႈႏွင့္ ေပ်ာ္႐ႊင္မႈကိုထိန္းမထားႏိုင္ခဲ့ပါဘူး။ သူမဟာ ကတ္ေပၚကေပးထားတဲ့နံပါတ္ကိုေခၚဆိုခဲ့ၿပီးေနာက္မွာေတာ့ ႀကီးက်ယ္တဲ့ဆုရရွိခဲ့ေၾကာင္း Pimrypie ရဲ႕ လက္ေထာက္က ေျပာျပခဲ့ပါတယ္။သို႔ေပမဲ့လည္း သူမရရွိမယ့္အရာက သူမေမွ်ာ္လင့္ထားတာထက္ ေက်ာ္လြန္ေနခဲ့ပါတယ္။ Patcha ဟာ သူမရဲ႕ႀကီးက်ယ္ ခမ္းနားတဲ့ ဆုကိုေမွ်ာ္လင့္ကာ စိတ္အားထက္သန္စြာ ေစာင့္ဆိုင္းေနခဲ့ၿပီး Suzuki Swift ကားတစ္စီးကိုရရွိေတာ့မွာကို သူမသိေနခဲ့ပါဘူး။

ထို႔ေနာက္ ကံေကာင္းတဲ့ Patcha ဟာ အနီေရာင္ဖဲႀကိဳးျဖင့္ခ်ည္ထားတဲ့ အနီေရာင္ကားက သူမအတြက္ ရည္႐ြယ္ထားတာကို ေတြ႕လိုက္ရတဲ့အခါ အံ့ဩၿပီးဝမ္းသာသြားခဲ့ၿပီး Patcha ဟာ သူမကားအသစ္ႏွင့္ ဓာတ္ပုံ႐ိုက္ကာ Pimrypie ရဲ႕လက္ေထာက္ထံမွလည္း ဝမ္းေျမာက္ေၾကာင္းပန္းစည္းကို လက္ခံရရွိခဲ့ပါတယ္။

သို႔ေပမဲ့လည္း၊ အခ်ိဳ႕ေသာသူမ်ားက Pimrypie ႏွင့္ Patcha တို႔ဟာ က်ပန္းလက္ေဆာင္ေသတၱာကိုေၾကာ္ျငာရန္ ဤ “လက္ေဆာင္” ကို အတူတကြ ႀကံစည္ျခင္းရွိမရွိ စဥ္းစားလာတာေၾကာင့္ ၎ျဖစ္ရပ္ဟာ သုံးစြဲသူမ်ားအၾကား ျပႆနာတစ္ရပ္ျဖစ္လာခဲ့ပါတယ္။ကံေကာင္းေထာက္မစြာ Patcha က သူမ၏ေဖ့စ္ဘုတ္အေကာင့္မွာ ျဖစ္ပ်က္ခဲ့သမွ်သည္ ႀကံစည္မႈမဟုတ္ေၾကာင္း ေဖာ္ျပခဲ့ၿပီး Pimrypie ဟာ က်ပန္းလက္ေဆာင္ေသတၱာကို ပ႐ိုမိုးရွင္းလုပ္ရန္ သူမကိုမငွါးရမ္းခဲ့ျခင္းလည္းမရွိေၾကာင္းေျပာၾကားခဲ့ပါတယ္။

၎ဇာတ္လမ္းပ်ံ႕ႏွံ႔သြားၿပီးေနာက္ ၾကည့္ရႈမႈ 271K ေက်ာ္ႏွင့္ မွတ္ခ်က္ေပါင္း 1.2K ေက်ာ္ျဖင့္ အင္တာနက္အသုံးျပဳသူအမ်ားအျပားဟာ ဇာတ္လမ္းႏွင့္ပတ္သက္၍ ၎တို႔၏မွတ္ခ်က္မ်ားကိုမွ်ေဝခဲ့ၾကၿပီး က်ပန္းလက္ေဆာင္ေသတၱာကို ဝယ္ယူရန္ စိတ္ဝင္စားေၾကာင္း ေဖာ္ျပခဲ့ၾကပါတယ္။ 150,000 ฿ (~USD4,431.25) တန္ ကားတစ္စီးရရွိျခင္းဟာ အလြန္အံ့ၾသစရာေကာင္းသည္ဟု အင္တာနက္အသုံးျပဳသူတစ္ဦးကလည္း ယူဆခဲ့ပါတယ္။

 

Be the first to comment

Leave a Reply

Your email address will not be published.


*