ဝမ်းတစ်လုံးကောင်းရင် ခေါင်းမခဲဘူးဆိုတဲ့စကားရှိတယ်.။

အင်မတန်မှန်တဲ့ စကားလို့ပြောရမယ်။ ဝမ်းချုပ်တယ်ဆိုရင် အခြားနာတာရှည်ရောဂါတွေကို ဖြစ်ပွားစေနိုင်တဲ့ ရာခိုင် နှုန်း တော်တော်များပါတယ်။

တိုင်းရင်းဆေးအမြင်အရ ဆိုရင် အစားအသောက်တွေကို ကျေကျေညက်ညက် ပက်ပက်နက်နက် မဖြစ်ရင် မကျန်းမာ ရုံတင်မကဘူး။ သန္ဓေသား အပေါါ်မှာတောင် မကျန်းမာတဲ့ သက်ရောက်မှုတွေ ဖြစ်ပေါ်စေနိုင်တယ်။ မကျန်းမာတဲ့ ဗီဇက သားသမီးအပေါ်မှာ မျိုးရိုးလိုက်သွားနိုင်တယ်။

ဥပမာ မွေးကတည်းက သွားပေါက်နေတယ် ဆိုတဲ့ ကလေးတွေဟာ မွေးကတည်းက ပထဝီဓာတ် လွန်ကဲနေတယ်ဆိုတာ ပေါ်လွင်ပါတယ်။


ဒါကြောင့် စားသောက်မျိုသွင်းလိုက်တဲ့ အစာအာဟာရတွေဟာ ကြေကျက်ပတ်နပ်နေဖို့လိုပါတယ်။

အစာတွေ မကြေကျက် မပတ်နပ်ဘူးဆိုရင် ဝမ်းလည်း ချုပ်မှာပါပဲ။

ဝမ်းချုပ်တာကလည်း အမျိုးမျိုးရှိတယ်။

၁။ ဝမ်းလုံးဝမသွားရဘူးဆိုရင်လည်း ဝမ်းချုပ်တာလို့ပြောလို့ရတယ်။
၂။ သွားတော့သွားရတယ် နည်းတယ်။ဆိုရင်လည်း ဝမ်းချုပ်တယ်လို့ ယေဘုယျပြောလို့ရတယ်။
၃။ သွားတဲ့ဝမ်းတွေက စေးကပ်နေအောင်ဖြစ်ရင်လည်း ဝမ်းချုပ်တယ်လို့ခေါ်လို့ရတယ်။
၄။ ကလေးတစ်ယောက်ရဲ့ဝမ်းလို နန်းမျှင်သေးသေးလးတွေ သွားမယ်ဆိုရင်လည်း ဝမ်းချုတယ်လို့ ပြောရမယ်။

ဒါကြောင့် ဝမ်းမချုပ်အောင် အထူးဂ/ရုစိုက်နေခြင်းဖြင့် ရောဂါဆိုးကြီးများကို ကာကွယ်နိုင်ကြပါစေ။

Be the first to comment

Leave a Reply

Your email address will not be published.


*