ဝမ်းချုပ်လို့ အီးအညှစ်လွန်ပြီး လွန်ခဲ့တဲ့ ၁၀နှစ်အကြာကအတိတ်ကို မေ့လျော့သွားခဲ့ရတဲ့ အမျိုးသမီး

ဝမ်းချုပ်လို့ အီးအညှစ်လွန်ပြီး လွန်ခဲ့တဲ့ ၁၀နှစ်အကြာကအတိတ်ကို မေ့လျော့သွားခဲ့ရတဲ့ အမျိုးသမီး

ကျွန်တော်တို့ အသက်တာမှာ လျစ်လျူရှုထားနိုင်တဲ့အရာများစွာရှိပါတယ်။သို့ပေမဲ့ ကျွန်တော်တို့ ခန္ဓာကိုယ်ကတော့ ၎င်းအရာတွေထဲမှ တစ်ခုမဟုတ်နေပါဘူး။ဝမ်းချုပ်ခြင်းကို လူတိုင်းတော့ ဘဝမှာတစ်ကြိမ်မက ကြုံဖူးကြမှာပါ။၎င်းက သင့်ကို စိတ်ရှုပ်ထွေးစေပြီး မသက်မသာဖြစ်စေတာကြောင့် ကောင်းတဲ့ခံစားချက်တစ်ခုမဟုတ်နေပါဘူး။

ဝမ်းချုပ်ခြင်းကို ကိုင်တွယ်ဖို့ နည်းလမ်းများစွာရှိပါတယ်။သို့ပေမဲ့ ဟောင်ကောင်နိုင်ငံရှိ အမျိုးသမီးတစ်ဦးကတော့ ဝမ်းချုပ်ခြင်းကြောင့် ဆယ်စုနှစ်တစ်စုရဲ့မှတ်ဥာဏ်ဆုံးရှုံးသွားမှုကို ခံစားခဲ့ရပါတယ်။သားဖြစ်သူရဲ့အဆိုအရ သူ့မိခင်ဟာ နှစ်ပတ်အကြာ ဝမ်းချုပ်နေခဲ့ပြီး နောက်ဆုံး အိမ်သာထဲမှာ ၎င်းကိစ္စကို ဖြေရှင်းနိုင်ခဲ့ပေမဲ့ မိခင်ဖြစ်သူဟာ အတိတ်မေ့တဲ့ရောဂါကို ရုတ်တရက်ခံစားခဲ့ရကြောင်း ဆိုခဲ့ပါတယ်။မိသားစုဝင်တွေက သူမဟာ လွန်ခဲ့တဲ့ ၁၀နှစ်တာကာလအတွင်း ဖြစ်ပျက်ခဲ့သမျှကို မေ့သွားကြောင်းကို တွေ့ရှိခဲ့ရပြီး သူမဟာ ပုံမှန်အသိစိတ်တိုင်းပြန်ဖြစ်ဖို့ အချိန် ၈နာရီကြာသွားရခဲ့ပါတယ်။

စိတ်ပူနေတဲ့မိသားစုက သူမဦးနှောက်မှာ တစ်ခုခုဖြစ်သွားမှာကို စိုးရိမ်ပြီး ဆေးရုံပို့ခဲ့ပေမဲ့ ဆရာဝန်တွေက သူမအားစစ်ဆေးကြည့်တဲ့အခါ သူမရဲ့ဦးနှောက်ဟာ ပုံမှန်လည်ပတ်နေတာကို တွေ့ရှိခဲ့ရပါတယ်။သူမဟာ ၈နာရီအကြာမှာ ဘာကြောင့်အိမ်သာထဲသွားခဲ့ရတဲ့အကြောင်းကို မမှတ်မိခဲ့ပါဘူး။ထို့နောက် ဆရာဝန်တွေကလည်း သူမမှာပြဿနာအထွေထွေအထူးထူးမရှိတာကြောင့် ဆေးရုံဆင်းခွင့်ပြုခဲ့ကြပါတယ်။

သူမရဲ့အဖြစ်ကို အာရုံကြောပါရဂူတစ်ဦးက ဝမ်းချုပ်ခြင်းပြဿနာများကြောင့် ဖြစ်ရကြောင်းဆိုခဲ့ပါတယ်။တစ်ကယ်လည်း ဝမ်းချုပ်နေစဉ်အတွင်း အလွန်အကျွံအားထုတ်သုံးခြင်းက ဦးနှောက်သို့ အောက်စီဂျင်မလိုလောက်ခြင်းကို ဖြစ်ပေါ်စေပါတယ်။ဝမ်းချုပ်လို့အီးညှစ်လွန်းလို့ သူမဟာ အတိတ်မေ့ရောဂါခံစားရမလို ဖြစ်ခဲ့ရပါတယ်။ဒါကြောင့် ဝမ်းချုပ်တိုင်းလည်း မကောင်းတာမို့ စာဖတ်သူတို့လည်း အထူးသတိထားကြပါဗျာ။

Be the first to comment

Leave a Reply

Your email address will not be published.


*