ဝနေတာကို လူသိမခံချင်လို့ သတို့သားကို သတို့သမီးဝတ်စုံ ဝတ်ပေးပြီး မင်္ဂလာဆောင်တဲ့ သတို့သမီး

တရုတ်နိုင်ငံက မင်္ဂလာပွဲတစ်ခုကို တက်ရောက်လာတဲ့ ဧည့်ပရိသတ်တွေဟာ သတို့သားနဲ့ သတို့သမီးကြောင့် အံအားသင့်ခဲ့ကြရပါတယ်။ ဟုတ်ပါတယ် သူတို့စုံတွဟာ ဝတ်ဆင်ရမယ့် ဝတ်စုံတွေကို လဲလှယ်ဝတ်ဆင်ခဲ့ကြတာပါ။

သတို့သားက သတို့သမီး ဝတ်စုံကို ဝတ်ဆင်ထားပြီး ၊ သတို့သမီးကတော့ သတို့သား ဝတ်စုံကို ဝတ်ဆင်ပြီး မင်္ဂလာပွဲ ကျင်းပခဲ့တာပါ။ မင်္ဂလာပွဲကိုတော့ Sichuan ခရိုင် Nanchongမှာ ပြီးခဲ့တဲ့ စနေနေ့က ကျင်းပခဲ့တာ ဖြစ်ပြီး သတို့သားဟာ ဂါဝန်ရှည်ကြီးနဲ့ ပွဲထွက်လာတာပါ။

အခုလို ဝတ်စားဆင်ယင်ဖို့ အကြံအစည်ကတော့ သတို့သမီးရဲ. အစီအစဉ်ပါ ။ သူမဟာ အနည်းငယ် အဝလွန်နေတာမို့ သတို့သမီးဝတ်စုံ ဝတ်ဖို့ ယုံကြည်ချက် မရှိဖြစ်နေတာပါ ၊ ဒါကြောင့် သတို့သားကို သူမအစား ဝတ်ဆင်စေဖို့ တိုက်တွန်းခဲ့တာပါ ။ ချစ်လွန်းတဲ့ သတို့သားကလည်း ဒါကို လိုက်လျှောပေးခဲ့တာပါ။

သူတို့နှစ်ဦးဟာ ၂၀၁၁ ခုနှစ်က စတင်ချစ်ကျွမ်းဝင်ခဲ့တာ ဖြစ်ပြီး အဲ့တုန်းက သူမက ပိန်ပိန်လေးပဲ ရှိသေးပြီး ဒီနှစ်ပိုင်းတွေမှာမှ ကိုယ်အလေးချိန်တက်လာပြီး ဝတ်စုံနဲ့ သူမ လှပနိုင်မှာ မဟုတ်ဘူးလို့ ထင်နေရှာသူလေးပါ။ သတို့သားက တစ်ခါတစ်လေ သူမရဲ. ရှုးဖိနပ်ကို ဝတ်ဆင်လိုက်ရတာဟာ စိတ်ကျေနပ် နားလညမှုပါပဲ ၊ ဒါကပဲ ပျော်ရွှင်ဖွယ် လက်ထပ်ခြင်းရဲ. အဓိကသော့ချက်လို့ ဆိုပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*