
ဝတ်ရုံအဖြူနဲ့ဘိုးတော်က အိမ်မက်ပေးခဲ့လို့ သိန်းလေးထောင်ကျော်တန်ဖိုးရှိတဲ့ ရှားပါးလိမ္မော်ရောင်ပုလဲကို ရှာတွေ့ခဲ့တဲ့အမျိုးသား
ထိုင်းနိုင်ငံမှာနေထိုင်တဲ့ အသက် 37 နှစ်အရွယ် Hatchai Niyomdecha အမည်ရှိတဲ့အမျိုးသားဟာ Nakhon Si Thammarat ကမ်းခြေမှာ ကမာကောင်ရဲ့အခွံကိုတွေ့ရှိခဲ့ပြီးနောက် ထင်မှတ်မထားအောင် ဘဝကြီးပြောင်းလဲသွားခဲ့ပါတယ် ။ အဲတာကတော့ ရှားပါးလိမ္မော်ရောင်ပုလဲကို တွေ့ရှိခဲ့လို့ပါ ။
အဆိုပါ ပုလဲကိုမရှာတွေ့ခင် ရက်ပိုင်းလောက်က ထူးဆန်းတဲ့ အိမ်မက်တစ်ခု မက်ခဲ့ကြောင်း Hatchai က ပြောပြခဲ့ပါတယ် ။ Hatchai ရဲ့ပြောပြချက်အရ ‘ အဖြူရောင်ဝတ်စုံ ဝတ်ထားပြီး နှုတ်ခမ်းမွေးရှည်ရှည်နဲ့ အဘိုးကြီးတစ်ယောက်က ကျွန်တော့်ကို ကမ်းခြေလာခဲ့ ၊ အဲ့ဆို မင်းလက်ဆောင်တစ်ခု ရလိမ့်မယ် ဆိုပြီးပြောခဲ့တယ် ၊ သူက ကျွန်တော့်ကို အဲ့ပုလဲသွားရှာဖို့ လမ်းညွန်လိုက်တာပါပဲ ‘ ဆိုပြီး ပြောပြခဲ့ပါတယ် ။
Hatchai ကတော့ ‘ ကျွန်တော် ဒီပုလဲကို အမြင့်ဆုံးဈေးနဲ့ ရောင်းချင်တယ် ၊ ပိုက်ဆံတွေက ကျွန်တော့်ဘဝကို မပြောင်းလဲပေမဲ့ ကျွန်တော့်ရဲ့ကံကြမ္မာကို ပြောင်းလဲပေးလိမ့်မယ် ၊ ကျွန်တော့်တစ်မိသားစုလုံး ကောင်းမွန်တဲ့ဘဝမျိုး နေရတော့မှာပါ ‘ ဆိုပြီး ပြောဆိုခဲ့ပါတယ် ။ ပြည်တွင်း စီးပွားရှင်တွေက အဆိုပါပုလဲကို ဝယ်ယူဖို့ $167,000 အထိပေးခဲ့ပေမဲ့လည်း Hatchai က ငြင်းဆိုထားပါတယ် ။
လက်ရှိမှာတော့ တရုတ်နိုင်ငံက စီးပွားရှင်က အဆိုပါပုလဲကို $340,000 ( မြန်မာငွေ သိန်းလေးထောင်ကျော် ဝန်းကျင်) နဲ့ဝယ်ယူဖို့ ကမ်းလှမ်းနေလျက်ရှိကြောင်း သိရပါတယ် ။
Zawgyi
ဝတ္႐ုံအျဖဴနဲ႔ဘိုးေတာ္က အိမ္မက္ေပးခဲ့လို႔ သိန္းေလးေထာင္ေက်ာ္တန္ဖိုးရွိတဲ့ ရွားပါးလိေမၼာ္ေရာင္ပုလဲကို ရွာေတြ႕ခဲ့တဲ့အမ်ိဳးသား
ထိုင္းႏိုင္ငံမွာေနထိုင္တဲ့ အသက္ 37 ႏွစ္အ႐ြယ္ Hatchai Niyomdecha အမည္ရွိတဲ့အမ်ိဳးသားဟာ Nakhon Si Thammarat ကမ္းေျခမွာ ကမာေကာင္ရဲ႕အခြံကိုေတြ႕ရွိခဲ့ၿပီးေနာက္ ထင္မွတ္မထားေအာင္ ဘဝႀကီးေျပာင္းလဲသြားခဲ့ပါတယ္ ။ အဲတာကေတာ့ ရွားပါးလိေမၼာ္ေရာင္ပုလဲကို ေတြ႕ရွိခဲ့လို႔ပါ ။
အဆိုပါ ပုလဲကိုမရွာေတြ႕ခင္ ရက္ပိုင္းေလာက္က ထူးဆန္းတဲ့ အိမ္မက္တစ္ခု မက္ခဲ့ေၾကာင္း Hatchai က ေျပာျပခဲ့ပါတယ္ ။ Hatchai ရဲ႕ေျပာျပခ်က္အရ ‘ အျဖဴေရာင္ဝတ္စုံ ဝတ္ထားၿပီး ႏႈတ္ခမ္းေမြးရွည္ရွည္နဲ႔ အဘိုးႀကီးတစ္ေယာက္က ကြၽန္ေတာ့္ကို ကမ္းေျခလာခဲ့ ၊ အဲ့ဆို မင္းလက္ေဆာင္တစ္ခု ရလိမ့္မယ္ ဆိုၿပီးေျပာခဲ့တယ္ ၊ သူက ကြၽန္ေတာ့္ကို အဲ့ပုလဲသြားရွာဖို႔ လမ္းၫြန္လိုက္တာပါပဲ ‘ ဆိုၿပီး ေျပာျပခဲ့ပါတယ္ ။
Hatchai ကေတာ့ ‘ ကြၽန္ေတာ္ ဒီပုလဲကို အျမင့္ဆုံးေဈးနဲ႔ ေရာင္းခ်င္တယ္ ၊ ပိုက္ဆံေတြက ကြၽန္ေတာ့္ဘဝကို မေျပာင္းလဲေပမဲ့ ကြၽန္ေတာ့္ရဲ႕ကံၾကမၼာကို ေျပာင္းလဲေပးလိမ့္မယ္ ၊ ကြၽန္ေတာ့္တစ္မိသားစုလုံး ေကာင္းမြန္တဲ့ဘဝမ်ိဳး ေနရေတာ့မွာပါ ‘ ဆိုၿပီး ေျပာဆိုခဲ့ပါတယ္ ။ ျပည္တြင္း စီးပြားရွင္ေတြက အဆိုပါပုလဲကို ဝယ္ယူဖို႔ $167,000 အထိေပးခဲ့ေပမဲ့လည္း Hatchai က ျငင္းဆိုထားပါတယ္ ။
လက္ရွိမွာေတာ့ တ႐ုတ္ႏိုင္ငံက စီးပြားရွင္က အဆိုပါပုလဲကို $340,000 ( ျမန္မာေငြ သိန္းေလးေထာင္ေက်ာ္ ဝန္းက်င္) နဲ႔ဝယ္ယူဖို႔ ကမ္းလွမ္းေနလ်က္ရွိေၾကာင္း သိရပါတယ္ ။
Leave a Reply