ဝတ်ထားတဲ့ဘောင်းဘီကြောင့် ရဲအရာရှိလို့အထင်ခံရပြီးနောက် ရဲစခန်းအထိပါ ရောက်သွားခဲ့ရတဲ့ delivery သမားတစ်ဦး

ဝတ်ထားတဲ့ဘောင်းဘီကြောင့် ရဲအရာရှိလို့အထင်ခံရပြီးနောက် ရဲစခန်းအထိပါ ရောက်သွားခဲ့ရတဲ့ delivery သမားတစ်ဦး

ယနေ့ခေတ်မှာ အင်တာနက်ရဲ့လျင်မြန်စွာဆင့်ကဲပြောင်းလဲလာမှုနှင့်အတူ လူတိုင်းမှာလည်း လူ့အဖွဲ့အစည်းအတွင်းပြောင်းလဲမှုကိုဖြစ်ပေါ်စေတဲ့အကြောင်းအရာများကိုလည်း ဖန်တီးရန် စွမ်းအားများရှိနေပါတယ်။လူမှုမီဒီယာအသုံးပြုသူတွေဟာ ၎င်း ‘စွမ်းအား’ ကိုကောင်းမှုပြုရန်အတွက် အသုံးမပြုကြပါဘူး။

မလေးရှားနိုင်ငံရှိ Facebook အသုံးပြုသူတစ်ဦးဟာ အဖြူရောင်အစင်းပါတဲ့အနက်ရောင်ဘောင်းဘီကို ဝတ်ဆင်ကာ ဆိုင်ကယ်ဖြင့် delivery လုပ်နေတဲ့အမျိုးသားတစ်ဦးရဲ့ဓာတ်ပုံကို ရိုက်ကူးခဲ့ပါတယ်။၎င်းဘောင်းဘီဟာ မလေးရှားရဲအရာရှိများဝတ်ဆင်တဲ့ဝတ်စားပုံနဲ့တူနေပါတယ်။

အဆိုပါFacebook အသုံးပြုသူဟာ ၎င်းအမျိုးသားက ရဲအရာရှိတစ်ဦးဖြစ်တဲ့အပြင် အချိန်ပိုင်း delivery ပါ လုပ်နေတဲ့လို့ထင်ကာ “ ခင်ဗျားက အချိန်ပိုင်းအလုပ်လုပ်နေတာလား” ဆိုတဲ့ caption ဖြင့် စနောက်ကာ online ပေါ်မျှဝေခဲ့ပါတယ်။အဆိုပါ delivery သမားဟာလည်း သူ့ရဲ့ဓာတ်ပုံများက လူမှုမီဒီယာပေါ်မှာ အိုးလေးတကျော် ပျံ့နှံ့သွားပြီးနောက်မှသာ သူ့ရဲ့အဖြစ်ကို သေချာသိသွားခဲ့ပြီး ရလဒ်အနေနဲ့ သူဟာ ရဲအရာရှိမဟုတ်ဘဲ delivery သမားတစ်ဦးဖြစ်ကြောင်းကို သေချာစွာ စစ်ဆေးနိုင်ရန် ရဲစခန်းသို့ သွားခဲ့ရပါတယ်။

ထို့နောက် Kluang ရဲစခန်းကလည်း ဒီကိစ္စနဲ့ပတ်သက်ပြီး ကြေငြာချက်တစောင်ထုတ်ပြန်ခဲ့ကာ ဒီလူဟာ အချိန်ပိုင်းပို့ဆောင်ရေးသမားသာဖြစ်ပြီး ရဲအရာရှိမဟုတ်ကြောင်းအတည်ပြုပြောကြားခဲ့ပါတယ်။ထို့အပြင် ၎င်းရဲစခန်းက ၁၉၉၈ မလေးရှားမာလ်တီမီဒီယာနှင့်ဆက်သွယ်ရေး ဥပဒေပုဒ်မ ၂၃၃ (၃) အရ မသမာမှုများအား ဖြန့်ဝေနေသူများကို အရေးယူမည်ဖြစ်ပြီး စွပ်စွဲခံရသူလည်း ထောင်ဒဏ်တစ်နှစ် သို့မဟုတ် ရင်းဂစ် ၅၀၀၀၀ အထိ ငွေဒဏ်ချမှတ်နိုင်ကြောင်း ဖော်ပြခဲ့ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*