ဝက်အကောင် 200 ကျော် သီးသန့်လွတ်လပ်စွာနေထိုင်လျက်ရှိလို့ နာမည်ကြီးနေတဲ့ ကျွန်း
ဝက်အကောင် 200 ကျော် သီးသန့်လွတ်လပ်စွာနေထိုင်လျက်ရှိလို့ နာမည်ကြီးနေတဲ့ ကျွန်း
Exuma ဆိုတာကတော့ Bahamas ကျွန်းစုပေါင်း 360 ကျော် ထဲက တစ်ခုအပါအဝင်ဖြစ်ပါတယ် ။ ကျွန်းပေါ်မှာ ဝက်အကောင်ပေါင်းမြောက်များစွာ လွတ်လပ်စွာနေထိုင်လျက်ရှိလို့ အဆိုပါကျွန်းဟာ အတော်လေးနာမည်ကြီးပါတယ် ။
ဒေသခံပြည်သူတွေပြောပြလေ့ရှိတဲ့ ပုံပြင်တွေအရ ကုန်သည်တွေဟာ အဆိုပါဝက်တွေကို စားနပ်ရိက္ခာအတွက် အဆိုပါကျွန်းမှာ ထားရစ်ခဲ့တာပါ ။ သို့ပေမဲ့လည်း အဆိုပါကျွန်းဆီသို့ ကုန်သည်တွေက လုံးဝပြန်ရောက်လာခဲ့ခြင်းမျိုးမရှိခဲ့တဲ့အတွက် နောက်ဆုံး ကျွန်းပေါ်မှာ ဝက်အကောင် အရေအတွက်တွေတိုးများလာခဲ့တာပါ ။
အဆိုပါကျွန်းမှ တိရစ္ဆာန်တွေ အသက်ရှည်နေရတဲ့အကြောင်းအရင်းကတော့ ကျွန်းကိုဖြတ်သွားတဲ့ သဘောၤတွေက စွန့်ပစ်လိုက်တဲ့ အစားအသောက်တွေကနေဖြစ်နိုင်ကြောင်း သုံးသပ်လေ့ရှိကြပါတယ် ။အဆိုပါ ဝက်ကျွန်း (Pig Island) ကတော့ လူတွေနေထိုင်ခြင်းမျိုး မရှိဘဲ ဝက်အကောင် 200 ကျော်က နေရာယူပြီး သီးသန့်နေထိုင်လျက်ရှိတဲ့ကျွန်းဖြစ်ကြောင်း သိရှိရပါတယ် ။
Zawgyi
Be the first to comment
Leave a Reply
Your email address will not be published.
*