လှေစီးနေရင်း မိန်းကလေးနှစ်ယောက်စလုံးကို တစ်ချိန်တည်းမှာဘဲ ချစ်ခွင့်ပန်ခဲ့တဲ့ အမျိုးသား

လှေစီးနေရင်း မိန်းကလေးနှစ်ယောက်စလုံးကို တစ်ချိန်တည်းမှာဘဲ ချစ်ခွင့်ပန်ခဲ့တဲ့ အမျိုးသား

ကလေးရှိပြီးသားလူတစ်ယောက်ကို ချစ်တဲ့စိတ်နဲ့ ချစ်မြတ်နိုးမိခြင်းက ကိုယ့်လက်တွဲဖော်အတွက်သာမက ကလေးတွေအတွက်ပါ ကြီးမားတဲ့နှလုံးသားနေရာရဖို့ လိုအပ်ပါတယ်။သို့ပေမဲ့ ကလေးရှိရှိ မရှိရှိ ချစ်သူစုံတွဲတွေအားလုံးဟာ ဆက်ဆံရေးမှာ တဖြည်းဖြည်းကြီးထွားလာတာနဲ့အမျှ အထူးသဖြင့် လက်ထပ်ထိမ်းမြားမှုအကြောင်း ပြောတဲ့အခါ ၎င်းတို့ရဲ့မိသားစုဝင်တွေနဲ့ ချစ်ရသူတွေလည်း ပါဝင်ကူညီပေးသင့်ပါတယ်။

Derrick အမည်ရှိအမျိုးသားဟာ သူရဲ့ချစ်ရတဲ့မိန်းကလေးကိုအပြင် သူမချစ်ရတဲ့တစ်ယောက်ကိုပါ ချစ်ခွင့်ပန်ပေးခဲ့ပါတယ်။Derrick ဟာ ချစ်သူကောင်မလေး Jessica ရဲ့လက်တစ်စုံကို ဖမ်းဆုတ်ထားချင်လို့ လှေစီးပြီး ရိုဆန်ဆန်နဲ့ ပြီးပြည့်စုံတဲ့ အချစ်ဇာတ်လမ်းတစ်ခုအဖြစ် သတ်မှတ်ခဲ့ပါတယ်။အနည်းငယ် လှေစီးပြီးနောက်မှာ Jessica ဟာ သူမအံ့ဩစရာကောင်းတဲ့အရာတွေဖြစ်လာမှာကို မသိခဲ့ရပါဘူး။

တံတားကို ဖြတ်သန်းသွားပြီးနောက် မကြာသေးခင်မှာဘဲ လူတွေရဲ့ရွှင်လန်းစွာ အော်ဟစ်သံတွေကို သူမ အမှတ်မထင်ကြားခဲ့ရပါတယ်။သူမအနောက်လှည့်ကြည့်လိုက်ချိန်မှာ သူတို့စုံတွဲရဲ့မိသားစုဝင်နဲ့သူငယ်ချင်းတွေကိုင်ထားတဲ့ “ Will you marry me ” banner ကို မြင်သွားခဲ့ပြီး သူမဟာ အံ့ဩသွားခဲ့ကာ အမှန်တကယ်ဖြစ်ပျက်နေတဲ့အရာကို မယုံနိုင်ဖြစ်နေခဲ့ပါတယ်။

ထို့နောက် Derrick ဟာ အရှေ့ပြန်လှည့်ပြီး အနက်ရောင်ရတနာသေတ္တာကို ဖွင့်လိုက်ပေမဲ့လည်း Jessica အစား သမီးဖြစ်တဲ့ Gianna ကို သူ့ဘဝတစ်ခုလုံးဂရုစိုက်ပြီး ချစ်သွားမယ်လို့ဆိုကာ ဆွဲကြိုးဝတ်ပေးရင်း အံ့ဩသွားစေခဲ့ပါတယ်။ Gianna ကိုပါ ချစ်ခွင့်ပန်ပေးခဲ့လို့ Jessica နဲ့ တံတားပေါ်ကလူအားလုံးက နှလုံးသားနွေးထွေးသွားခဲ့မှာအမှန်ပါဘဲ။

ထို့နောက် Derrick ဟာ ပွဲရဲ့အဓိက main အနေနဲ့ နောက်တဖန် Jessica ရှေ့ဒူးထောက်ပြီး ချစ်ခွင့်ပန်ကာ လက်စွပ်ဝတ်ပေးခဲ့ပါတော့တယ်။ Derrick ရဲ့ရိုးသားမှုနဲ့ ကောင်းမွန်တဲ့ရည်ရွယ်ချက်တွေကို ဗီဒီယိုတစ်ခုလုံးခံစားခဲ့ရတာကြောင့် ဒီအချစ်ပုံပြင်လေးက အလွန်ကိုအားရကျေနပ်စရာကောင်းလှပါတယ်။သူဟာ သူ့ရဲ့ဘဝလက်တွဲဖော်ကို လက်ထပ်လိုပြီး သမီးရှိပြီးသားဆိုတဲ့အချက်ကိုလည်း လိုလိုလားလား လက်ခံပေးခဲ့ပါတယ်။

Derrick က Gianna ကို သူမနဲ့သူမအမေကို အမြဲဂရုစိုက်စောင့်ရှောက်လိမ့်မယ်လို့ လေးစားမှုနဲ့ အာမခံချက်လက္ခဏာတစ်ခုအနေဖြင့်လည်း ချစ်ခွင့်ပန်ခဲ့ပုံပါဘဲ။ Jessica နဲ့ Gianna က အရမ်းကို ကံကောင်းတဲ့ မိန်းကလေးတွေလို့ ဆိုရမှာပါ။

 

Be the first to comment

Leave a Reply

Your email address will not be published.


*