လှပပြီး မှော်ဆန်လွန်းတဲ့ လျှို့ဝှက်နေရာတစ်နေရာကို ရှာဖွေတွေ့ရှိခဲ့တဲ့ စွန့်စားသူတစ်ဦး

မကြာသေးခင်က အမျိုးသားတစ်ဦးဟာ ခြောက်သွေ့တဲ့သဲကန္တာရအလယ်မှာ တည်ရှိပြီး မှော်အလှအချို့ပါဝင်တဲ့ မှော်ဆန်တဲ့နေရာတစ်နေရာကို ရှာဖွေတွေ့ရှိခဲ့ရပါတယ်။အဆိုပါ အမျိုးသားဟာ ပြင်သစ်နိုင်ငံ ၊ ပါရီမြို့မှ ဖြစ်ပြီးသဘာ၀ပတ်၀န်းကျင်ရဲ့ လှပမှုနှင့် စွန့်စားမှုများကို ကြိုက်နှစ်သက်သူတစ်ယောက်လည်းဖြစ်ပါတယ်။

သူရှာဖွေ့တွေ့ရှိခဲ့တဲ့ နေရာက လိုက်သွားကြည့်ဖို့ မလွယ်ကူပေမဲ့ ၎င်းက ရှာတွေ့ရကျိုးနပ်လွန်းတဲ့နေရာတစ်ခု ဖြစ်နေပါတယ်။၎င်းနေရာက မျက်နှာပြင်မှ လုံးဝ ဖုံးကွယ်ထားခြင်းကို ခံထားရပေမဲ့လည်း ၎င်းနေရာရဲ့အတွင်းပိုင်းမှာ ပါရှိတဲ့အရာတွေအားလုံးက သင့်ရဲ့အသက်ရှုခြင်းကို ပျောက်ရှသွားစေပါလိမ့်မယ်။

အဆိုပါအမျိုးသားရှာဖွေတွေ့ရှိခဲ့တဲ့ မှော်ဆန်လွန်းတဲ့၎င်းနေရာဟာ Antelope Canyon ရဲ့ အောက်ခြေပိုင်းမှာတည်ရှိပြီး သူက ၎င်းနေရာအား ကင်မရာနှင့်ရိုက်ကူးထားတဲ့ အောက်ဖော်ပြပါဓာတ်ပုံတွေကို ပြန်လည်မျှဝေပေးခဲ့ပါတယ်။အပေါက်ထဲသို့ ဆင်းချလိုက်တာက ခက်ခဲပုံရပေမဲ့ အဆိုပါအမျိုးသားဟာ ကျွမ်းကျင်တဲ့တောင်တက်သမားတစ်ဦးဖြစ်ပြီး ကြီးမားတဲ့ အတားအဆီးတွေကိုပါ ကျော်လွှားနိုင်ခဲ့ပါတယ်။

သူဟာ သူမြင်တွေ့ခဲ့ရတဲ့အရာကို ဘယ်တော့မှ မမျှော်လင့်ထားခဲ့ပါဘူး။ဒါဆို မှော်ဆန်တဲ့ Lower Antelope Canyon ရဲ့အောက်ခြေအတွင်းပိုင်းဓာတ်ပုံတွေကို ဆက်လက်ကြည့်ရှုသွားခဲ့ကြပါအုံးဗျာ။

#5

#6

#7

#8

#9

#10

#11

Be the first to comment

Leave a Reply

Your email address will not be published.


*