လှည်းရထားအစား ကျွဲလှည်းကို အသုံးပြုပြီး မင်္ဂလာဆောင်ပွဲကို နတ်သမီးပုံပြင်အလား ကျင်းပပြုလုပ်ခဲ့တဲ့ သတို့သမီး (ရုပ်သံ)

လှည်းရထားအစား ကျွဲလှည်းကို အသုံးပြုပြီး မင်္ဂလာဆောင်ပွဲကို နတ်သမီးပုံပြင်အလား ကျင်းပပြုလုပ်ခဲ့တဲ့ သတို့သမီး (ရုပ်သံ)

အခုဖော်ပြပေးမဲ့ ဖိလစ်ပိုင်သတို့သမီးက သူမရဲ့ မင်္ဂလာဆောင်ပွဲကို တိရစ္ဆာန်တစ်ကောင်အသုံးချနိုင်တဲ့ နည်းလမ်းကို တွေ့ရှိခဲ့ပါတယ်။ ဒီဖန်တီးမှုဟာ သတို့သမီးက မင်းသမီးလေးတစ်ပါးဖြစ်ချင်တဲ့ သူမရဲ့ အိပ်မက်အတိုင်း မင်္ဂလာဆောင်ပွဲကို လုပ်ချင်ခဲ့တာပါ။

မင်းသမီးတစ်ပါးက လှပတဲ့လှည်းရထားပေါ် စီးနင်လိုက်ပါလာတဲ့ နတ်သမီးပုံပြင်တွေလို သူမစီးနင်းလိုခဲ့တာကြောင့် သူမဟာ နာရီအနည်းငယ်အတွက်သာကျင်းပရတဲ့ မင်္ဂလာဆောင်ပွဲအခမ်းအနားကို သူမရဲ့ အိပ်မက်အတိုင်း အကောင်အထည်ဖော်ရန် ငွေအမြောက်အများ မသုံးဖြုန်းချင်ခဲ့တာကြောင့် လှည်းရထားအစား ကျွဲလှည်းနဲ့ စီးနင်းခဲ့တာပါ။သူမရဲ့ ပါရမီရှင်အတွေးအခေါ်ဟာ အင်တာနက်ပေါ် ပျံ့နှံ့မှုများပြားခဲ့ပြီး ကြည့်ရှုသူ ၄ သန်း ရရှိခဲ့ပါတယ်။

သူမရဲ့ Facebook အကောက်မှာ တင်ထားတဲ့ ဗီဒီိယိုထဲမှာဆိုရင် အဖြူရောင်ဂါဝန်နဲ့ ပန်းပွင့်တွေဆင်မြန်းထာတဲ့ ကျွဲလှည်းပေါ်မှာ အဖြူရောင်မျက်နှာဖုံးအုပ်ထားကာ ထိုင်နေတဲ့ သတို့သမီးလေးတစ်ဦး စီးနင်နေတာကိုတွေ့ရပါတယ် ။ သူမဟာ စီတန်းလှည့်လည်မှုတစ်ခုလုံးကို သူမရဲ့မျက်နှာပေါ်မှာ လှပတဲ့အပြုံးတစ်ခုနဲ့ ပြသခဲ့ပါတယ် ။ နောက်ဆုံးတော့လည်း ဒီသတို့သမီးက သူမရဲ့မင်္ဂလာပွဲကို နတ်သမီးပုံပြင်တွေလို ကျင်းပနိုင်ခဲ့ပါတယ် ။

 

Zawgyi

လွည္းရထားအစား ကြၽဲလွည္းကို အသုံးျပဳၿပီး မဂၤလာေဆာင္ပြဲကို နတ္သမီးပုံျပင္အလား က်င္းပျပဳလုပ္ခဲ့တဲ့ သတို႔သမီး (႐ုပ္သံ)

အခုေဖာ္ျပေပးမဲ့ ဖိလစ္ပိုင္သတို႔သမီးက သူမရဲ႕ မဂၤလာေဆာင္ပြဲကို တိရစာၦန္တစ္ေကာင္အသုံးခ်ႏိုင္တဲ့ နည္းလမ္းကို ေတြ႕ရွိခဲ့ပါတယ္။ ဒီဖန္တီးမႈဟာ သတို႔သမီးက မင္းသမီးေလးတစ္ပါးျဖစ္ခ်င္တဲ့ သူမရဲ႕ အိပ္မက္အတိုင္း မဂၤလာေဆာင္ပြဲကို လုပ္ခ်င္ခဲ့တာပါ။

မင္းသမီးတစ္ပါးက လွပတဲ့လွည္းရထားေပၚ စီးနင္လိုက္ပါလာတဲ့ နတ္သမီးပုံျပင္ေတြလို သူမစီးနင္းလိုခဲ့တာေၾကာင့္ သူမဟာ နာရီအနည္းငယ္အတြက္သာက်င္းပရတဲ့ မဂၤလာေဆာင္ပြဲအခမ္းအနားကို သူမရဲ႕ အိပ္မက္အတိုင္း အေကာင္အထည္ေဖာ္ရန္ ေငြအေျမာက္အမ်ား မသုံးျဖဳန္းခ်င္ခဲ့တာေၾကာင့္ လွည္းရထားအစား ကြၽဲလွည္းနဲ႔ စီးနင္းခဲ့တာပါ။သူမရဲ႕ ပါရမီရွင္အေတြးအေခၚဟာ အင္တာနက္ေပၚ ပ်ံ႕ႏွံ႔မႈမ်ားျပားခဲ့ၿပီး ၾကည့္ရႈသူ ၄ သန္း ရရွိခဲ့ပါတယ္။

သူမရဲ႕ Facebook အေကာက္မွာ တင္ထားတဲ့ ဗီဒီိယိုထဲမွာဆိုရင္ အျဖဴေရာင္ဂါဝန္နဲ႔ ပန္းပြင့္ေတြဆင္ျမန္းထာတဲ့ ကြၽဲလွည္းေပၚမွာ အျဖဴေရာင္မ်က္ႏွာဖုံးအုပ္ထားကာ ထိုင္ေနတဲ့ သတို႔သမီးေလးတစ္ဦး စီးနင္ေနတာကိုေတြ႕ရပါတယ္ ။ သူမဟာ စီတန္းလွည့္လည္မႈတစ္ခုလုံးကို သူမရဲ႕မ်က္ႏွာေပၚမွာ လွပတဲ့အၿပဳံးတစ္ခုနဲ႔ ျပသခဲ့ပါတယ္ ။ ေနာက္ဆုံးေတာ့လည္း ဒီသတို႔သမီးက သူမရဲ႕မဂၤလာပြဲကို နတ္သမီးပုံျပင္ေတြလို က်င္းပႏိုင္ခဲ့ပါတယ္ ။

Be the first to comment

Leave a Reply

Your email address will not be published.


*