
လှချင်လွန်းလို့ ယွမ်၂၀၀၀၀ အကုန်အကျခံကာ မျက်ရစ်ဖော်ခဲ့သော်လည်း ရုပ်ဆိုးသွားသည့်အပြင် ခင်ပွန်း၏ ကွာရှင်းခြင်းကိုပါ ခံခဲ့ရသည့် အမျိုးသမီး
ယခုအဖြစ်အပျက်လေးဟာ ဆိုရှယ်မီဒီယာထက်တွင် အလွန်လူပြောများနေသော အကြောင်းအရာလေးဖြစ်ပါတယ်။တရုတ်နိုင်ငံ Jiangchaပြည်နယ် Nanchangမြို့နှ Jinဆိုသည့်အမျိုးသမီးဟာ သူငယ်ချင်းတစ်ဦး၏ အကြံပေးမှုကြောင့် သူမ၏ ရုပ်ရည်လေးကို ပိုမိုလှပသွားစေရန် အလှပြင်ဆိုင်တစ်ခုတွင် ပြုပြင်ခဲ့တာဖြစ်ပါတယ်။
အမျိုးသမီးဟာ မျက်ရစ်မရှိသည့်အတွက် မျက်ရစ်ရှိလျှင် ပိုလှသွားမည်ဆိုသည့် သူငယ်ချင်း၏ စကားကြောင့် ယွမ်၂၀၀၀၀အထိ အကုန်အကျခံကာ ပြောင်းလဲခဲ့တာဖြစ်ပါတယ်။သို့သော်လည်း သူ၏ပြုပြင်မှုဟာ အလကားဖြစ်သွားခဲ့ရပြီး မျက်နှာဟာ မပြုပြင်ခင်ကထက် ပိုမိုရုပ်ဆိုးသွားခဲ့တာဖြစ်ပါတယ်။
ခင်ပွန်းသည်ကလည်း အမျိုးသမီး၏ ပြောင်းလဲသွားသည့် အခြေအနေကို လက်မခံနိုင်သည့်အတွက် တရားရုံတွင် ကွားရှင်းပြတ်ဆဲရန် တောင်းဆိုခဲ့တာဖြစ်ပါတယ်။
Zawgyi
Leave a Reply