လွန်ခဲ့တဲ့ ၈နှစ်ကတည်းက online ပေါ်ကနေ မှာယူထားခဲ့တဲ့ပစ္စည်းကို အခုမှလက်ခံရရှိခဲ့လို့ ခေါင်းရှုပ်ခဲ့ရတဲ့ အမျိုးသား

Onlineကနေ ပစ္စည်းတစ်ခုခုမှာပြီး ကိုယ်မျှော်လင့်ထားတဲ့အချိန်ထက်ပိုကြာနေရင် လူတိုင်းဟာ စိတ်ပျက်သွားတတ်ကြပါလိမ့်မယ်။ဒါပေမဲ့ ဒီကနေဒါအမျိုးသားတစ်ဦးအတွက် သူ့ရဲ့နှောင့်နှေးတဲ့ပို့ဆောင်ရေးဝန်ဆောင်မှုကတော့ ကမ္ဘာ့အဆုံးစွန်အဆင့်အထိ ရောက်နေပါတယ်။ကနေဒါနိုင်ငံ Torontoမြို့မှာ နေထိုင်တဲ့ Elliot Berinsteinအမည်ရှိဆရာဝန်တစ်ဦးဟာ Well.ca ဆိုတဲ့online ပို့ဆောင်ရေးတစ်ခုမှ အထုပ်တစ်ခုလက်ခံရရှိခဲ့ပြီး အဆိုပါအထုပ်ကို ဖွင့်ကြည့်လိုက်တော့ လွန်ခဲ့တဲ့ ၂၀၁၂ခုနှစ်တုန်းက သူမှာထားခဲ့တဲ့ ဆံပင်အတွက်အလှကုန်တစ်မျိုးဖြစ်နေခဲ့ပါတယ်။

အစပိုင်းတော့ Well.ca ကနေဘာမှမမှာထားတာကြောင့် သူဟာ ခေါင်းရှုပ်သွားခဲ့ပြီး အဲ့တာနဲ့ လွန်ခဲ့တဲ့ ၈နှစ်လောက်တုန်းက သူတို့ဆီမှာ hair cream တစ်ဘူးမှာခဲ့တာကို သတိရသွားခဲ့ရပြီး”ငါ ကောင်းကောင်းမှတ်မိနေတယ် အဲ့ဒီတုန်းက နည်းနည်းမိုက်မဲတဲ့အမျိုသားတွေကို လူကြိုက်များကြတယ် အဲ့ဒါကြောင့် ငါ Donald Draper ရဲ့ဆံပင်ကေအတိုင်း လိုက်ပြင်ကြည့်ဖို့ စဉ်းစားခဲ့တာ”လို့ ပြောပြထားပါတယ်။

Elliotဟာ အဆိုပါ hair cream ကို သုံးကြည့်ဖို့ ဖွင့်လိုက်တော့ အဖြူရောင်ဖြစ်နေရမယ့်creamတွေက အဝါရောင်သန်းနေခဲ့ပါတယ်။သူ့အထုပ်က လူကွယ်တဲ့တစ်ထောင့်တစ်နေရာမှာရှိနေခဲ့ပုံရပါတယ်။သူတို့က မပစ်လိုက်ဘဲ ငါ့ဆီအရောက်ထပ်ပို့ခဲ့တာကို အံ့ဩလို့မဆုံးဘူးလို့လည်း ဆိုထားပါတယ်။

နောက်ဆုံး social media မှာ ပျံ့နှံ့နေတဲ့သူ့ရဲ့ပိုစ့်ကို Well.ca က မြင်သွားခဲ့ပြီး သူ့ကို ပစ္စည်းအသစ်နဲ့တစ်ခြားဆံပင်ထုတ်ကုန်အသစ်တစ်ချို့ကို သူတို့ကိုယ်တိုင် တိုက်ရိုက်မပို့ဘဲ တစ်ခြားပို့ဆောင်ရေးဝန်ဆောင်မှုတစ်ခုကနေ ပေးပို့ခဲ့ကြတာကြောင့် သူက ပို့ဆောင်ရေးကုမ္ပဏီဆီကို ဆက်သွယ်ခဲ့ပေမဲ့ ပြန်ကြားခြင်းမရှိသေးပါဘူး။”ငါ ပြန်အမ်းငွေ ဒါမှမဟုတ် ပြဿနာရှာချင်လို့မဟုတ်ဘူး၊ ပစ္စည်းက ၅ ဒေါ်လာ(၆,၆ဝဝကျပ်)ဘဲရှိတာ ဒါပေမဲ့ သူတို့ရေးတာကို ကြည့်ပြီး အတော်လေးရယ်စရာကောင်းနေလို့ သူတို့ကို ပြန်ဆက်သွယ်ချင်တာ”လို့ ဆိုထားပါတယ်။စာဖတ်သူတို့ကော အဲ့လိုအဖြစ်မျိုးကြုံဖူးပါသလား။

Be the first to comment

Leave a Reply

Your email address will not be published.


*