
ထီထိုးခြင်းဟာ ကံကောင်းခြင်းရဲ့စင်ကြယ်တဲ့ဂိမ်းတစ်ခုဖြစ်ပြီး ဘယ်သူကမှ စစ်မှန်တဲ့နည်းဗျူဟာ မရှိကြပါဘူး။အကယ်လို့ သင့်ရဲ့နေ့ရောက်လာပါက သင် သန်းပေါင်းများစွာကိုအနိုင်ရခြင်းဖြင့် ဂိမ်းပွဲကို အဆုံးသတ်ပေးသွားနိုင်ပါတယ်။
ထီထိုးခြင်းဟာ ကံရဲ့အကျိုးကိုသာမန်အရတွက်ဆခြင်းဖြစ်တဲ့အတွက်ကြောင့် မိုက်မဲတဲ့ဂိမ်းကစားနည်းတစ်ခုပါ။ဒါပေမဲ့ စင်ကာပူနိုင်ငံ YC အမည်ရှိတဲ့ အသက် ၄၈ နှစ်အရွယ် စီးပွါးရေးလုပ်ငန်းရှင်တစ်ဦး ဟာ ထိုင်းနိုင်ငံရှိ Song Sawoei ဘုရားကျောင်းမှာ အကြိမ်ကြိမ်ဆုတောင်းပြီးနောက် ထီသန်းပေါင်းများစွာ ပေါက်သွားခဲ့ပါတယ်။YC ရဲ့ပေါက်ငွေပမာဏအတိအကျကိုမသိရသေးပေမဲ့လည်း ဘတ်သန်းပေါင်းများစွာတန်ကြောင်း China Press က ထုတ်ပြန်ထားပါတယ်။
လွန်ခဲ့တဲ့အနှစ် ၂၀ လောက်ကတည်းက ထိုင်းနိုင်ငံမှာနေထိုင်ခဲ့တဲ့ YC ဟာ သူ့သူငယ်ချင်းတွေကြောင့် Song Sawoei ဘုရားကျောင်းအကြောင်းသိလာခဲ့ပြီး သူ့ရဲ့သူငယ်ချင်းတွေက ထီပေါက်ဖို့အတွက် သူ့ကိုဦးဆောင်လမ်းပြပေးခဲ့ကြတာပါ။YC ဟာ လျှို့ဝှက်ချက်ကို ရှာဖွေတွေ့ရှိသွားခဲ့ရပုံပါဘဲ။ထီပေါက်ပြီးနောက် YC ဟာ သူ့ရဲ့မျိုးရိုးဇစ်မြစ်ကိုမေ့မသွားတဲ့အပြင် Song Sawoei ဘုရားကျောင်းသို့ ဘတ် တစ်သန်း (သိန်း ၄၃၀ကျော်) လှူဒါန်းခဲ့ပါသေးတယ်။
YC လှူဒါန်းခဲ့တဲ့ငွေတွေကို Song Sawoei ဘုရားကျောင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ နှင့် အထိမ်းအမှတ်အဆောက်အဦးများကို ပြန်လည်ပြုပြင်မည်ဖြစ်ကြောင်း ကျောင်းထိုင်ဆရာတော်က ပြောကြားခဲ့ပါတယ်။
လူအများကတော့ ဒီဘုရားကျောင်းရဲ့လျှို့ဝှက်ဆန်းကြယ်မှုကိုအရမ်းသိချင်နေကြပြီး ခရီးသွားလာခွင့်ကန့်သတ်ချက်တွေကို ရုပ်သိမ်းပြီးတာနဲ့တစ်ပြိုင်တည်း ဒီဘုရားကျောင်းမှာ ဧည့်သည်အမြောက်အများ လာရောက်လည်ပတ်ကြတော့မှာကို မြင်ယောင်နေမိပါတယ်။ဒိတော့ ကျွန်တော်လည်း ငဗစ်ပြီးတာနဲ့ ဒီဘုရားကျောင်းကို တန်းဒိုးမှာပါ။
Leave a Reply