
ဓာတ်ပုံဆရာတစ်ဦးဟာ မျောက်တစ်ကောင်ကအခြားမျောက်တစ်ကောင်ကို အရေးပေါ်အသက်ကယ် CPR နဲ့ပါးစပ်ချင်းထိပြီး အသက်ပြန်ရှူအောင်လုပ်ပေးနေတဲ့ပုံကို ပြီးပြည့်စုံတဲ့ရိုက်ချက်တစ်ခုအဖြစ် ဖမ်းယူနိုင်ခဲ့ပါတယ်။
တောင်အာဖရိက Botswanaနိုင်ငံရဲ့ Gaborone Gameဘေးမဲ့နေရာက အဆိုပါချစ်စရာကောင်းတဲ့ Vervet မျောက်နှစ်ကောင်ရဲ့အဖြစ်အပျက်ကို William Steelအမည်ရှိတဲ့ တောရိုင်းတိရိစ္ဆာန်ဓာတ်ပုံဆရာတစ်ဦးက သူ့ကင်မရာနဲ့ အမြန်ဖမ်းယူရိုက်ကူးနိုင်ခဲ့တာပါ။ဒါပေမဲ့ မျောက်တစ်ကောင်ဟာ သူ့တို့ရဲ့မိတ်ဆွေကို အသက်ကယ် CPR အချို့လုပ်ဆောင်ပေးနေတယ်လို့ထင်ရပေမဲ့ တကယ်တော့ သူက လဲနေတဲ့မျောက်မကို ပိုးပန်းနေတာပါ။
“မျောက်အမတစ်ကောင်က ခြေထောက်နဲ့လက်တွေကို ဖြန့်ကျဲထားရင်း မြေပြင်ပေါ်လဲကျနေတာကို ကျွန်တော်မြင်ခဲ့တယ် အစပိုင်းမှာတော့ ဘာတွေဖြစ်ပျက်နေတာကို သေချာနားမလည်ခဲ့ဘူး၊ဒါပေမယ့် ကင်မရာကိုကောက်ယူလိုက်တဲ့နောက်တော့ နောက်ထပ်မျောက်တစ်ကောင်ဟာ ကြမ်းပြင်ပေါ်ကမျောက်မကို ပါးစပ်ချင်းထိပြီး အရေးပေါ်အသက်ကယ် CPR လုပ်ဆောင်နေခဲ့တယ်၊ဒီဖျော်ဖြေမှုက မျောက်မအတွက် ငိုကြွေးစရာဘဲလို့ ကျွန်တော်ထင်မိတယ်”လို့ Steelက ဆိုထားပါတယ်။
Leave a Reply