လေးလံလွန်းတဲ့ ရေတိုင်ကီတွေကိုထမ်းပိုပြီး မက်စောက်တဲ့တောင်ကုန်းများပေါ် ဖြတ်ကျော်ကာ ဝမ်းစာရှာနေကြရတဲ့ အဘွားအိုများ

လေးလံလွန်းတဲ့ ရေတိုင်ကီတွေကိုထမ်းပိုပြီး မက်စောက်တဲ့တောင်ကုန်းများပေါ် ဖြတ်ကျော်ကာ ဝမ်းစာရှာနေကြရတဲ့ အဘွားအိုများ

ဗီယက်နမ်နိုင်ငံမြောက်ပိုင်း၊ Hà Giang ပြည်နယ်ရှိ တောင်တန်းဒေသတစ်ခုမှာ ၎င်းရဲ့ရင်သပ်ရှုမောဖွယ်ကောင်းတဲ့ သဘာဝရှုခင်းကြောင့် ကျော်ကြားနေခဲ့ပါတယ်။ နှစ်ပေါင်းများစွာ ဟနွိုင်းမြို့ နဲ့ အခြားမြောက်ပိုင်းမြို့များမှ မော်တော်ဆိုင်ကယ်ဝါသနာအိုးတွေက မြင်ကွင်းကိုပျော်မွေ့ရန် ၎င်းနေရာကို ရောက်ရှိဖို့အတွက် ကီလိုမီတာရာ နဲ့ ချီ ဖြတ်ကျော်ရပြီး ကြမ်းတမ်းတဲ့ တောင်တန်းလမ်းများကိုပါ ဖြတ်ကျော်ခဲ့ကြရပါတယ်။

မြင်ရသလောက်တော့ လန်းဆန်းနေတဲ့ တောင်တန်းများကို ကြည့်ပြီး လန်းဆန်းဖွယ်‌ကောင်းတဲ့ လေထုကို ရှူသွင်းလိုက်ရတဲ့အခါမှာ ကျွန်ုပ်တို့ဟာ“ ဒီနေရာမှာအမြဲနေခွင့်ရချင်တယ်” ဆိုပြီး ကိုယ့်ကိုယ်ကို စဉ်းစားမိမှာ အမှန်ပါဘဲ။ ဒါပေမယ့် ၎င်းဒေသမှာတကယ်နေတဲ့သူတွေအတွက်တော့ သူတို့ဘ ဝအတွက် အမြဲတမ်းရုန်းကန်နေရတာပါဘဲ။ ကျွန်ုပ်တို့အတွက်တော့ ရေဟာ အခြေခံလိုအပ်ချက်များထဲမှ ဇိမ်ခံပစ္စည်းတစ်ခုလို အသုံးပြုနေကြပါတယ်။ ၎င်းဒေသက လူတွေအတွက်တော့ မရှိရှားပါးတဲ့ အရာဖြစ်ပြီး ရေတွေကို လုံလုံလောက်လောက် သုံးနိုင်ရန် လေးလံတဲ့ ရေတိုင်ကီများကို မတ်စောက်တဲ့ တောင်ကုန်းများပေါ်သို့ သယ်ဆောင်သွားနေကြတဲ့ သက်ကြီးအမျိုးသမီးများရဲ့ ဓါတ်ပုံကို အင်တာနက်ပေါ်မှာ ပျံ့နှံ့ခဲ့ပြီး အင်တာနက်အသုံးပြုသူတွေကို အံ့အားသင့်စေခဲ့ပါတယ်။

Hang Giang ပြည်နယ်ရှိ ဗန်ချိကျေးရွာက ပြည်သူ့ကော်မတီဥက္ကဌ Mr. TrầnNgọcGiác ဟာ ဒန်ဗစ် နဲ့ စကားပြောစဉ် ဤဒေသများရှိလူတွေဟာ ရေတွေကို ‌အလွယ်တကူမရရှိနိုင်ကြောင်း ရှင်းပြခဲ့ပါတယ်။ ဒေသခံများဟာ နေ့စဉ်ရေလုံလောက်စွာနိုင်ရန်အတွက် ၄ င်းတို့ရဲ့နေအိမ်များမှ နာရီများစွာကုန်တဲ့ အကွာအဝေးမှာရှိတဲ့ ရေအရင်းအမြစ် များဆီကို ‌ ရေတိုင်ကီးများနဲ့ သယ်ဆောင်ရပါတယ်။

ဒေသခံများရဲ့ အခြေအနေကို သိသောကြောင့် များစွာသောလှူဒါန်းသူတွေက ၎င်းတို့ကို ကူညီရန် ရေလှောင်ကန် လှူဒါန်းကြပါတယ်။ ဤအရာကိုလှူဒါန်းခြင်းအားဖြင့် ဒေသခံများကို နောက်ပိုင်းမှာ အသုံးပြုရန် မိုးရေသိုလှောင်နိုင်ပြီး ရေအရင်းအမြစ်တစ်ခုကနေ ရှည်လျားတဲ့ လမ်းခရီး ပြဿနာကို သက်သာစေနိုင်ပါတယ်။

သို့သော် ၎င်းဒေသဟာ ဝေးလံခေါင်းဖြားပြီး မောက်စောက်နေတာကြောင့် ကားများမတက်နိုင်ဘဲ စုဆောင်းသိုလှောင်ရုံက ရေတွေကို ကိုယ်ပိုင်အားနဲ့ သယ်ယူနေရပါတယ်။ သူတို့စုဆောင်းထားတဲ့ ရေလှောင်ကန်ထဲမှာ ၂၅-၃၀ ကီလိုဂရမ်ခန့်သာရှိလိမ့်မယ်လို့ ခန့်မှန်းရပါတယ်။ သက်ကြီးရွယ်အိုအမျိုးသမီးများ အနေဖြင့် မတ်စောက်တဲ့ တောင်ကုန်းများကို တက်ရန်မလွယ်ကူသော်လည်း ဝန်ထုပ်များကိုသူတို့ရဲ့ခွန်အား နဲ့ ခံနိုင်ရည်ရှိနေခဲ့တာကိုက အလွန်ပင် လေးစားမိပါတယ်။ ရလဒ်အနေ နဲ့ သင်တတ်နိုင်ရင် လိုအပ်သူများကို ကူညီရန်လက်တွန့်မနေပါနဲ့။ ကြင်နာမှုဟာ ရိုးရှင်းတဲ့လုပ်ရပ်တစ်ခုဖြစ်တာကြောင့် တစ်စုံတစ်ဦးရဲ့ဘဝကိုပြောင်းလဲပစ်ရန် ကူညီနိုင်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*