လေးနှစ်ကြာအောင် အစားအစာများကို နေ့စဉ်မပျက်ကျွေးသောကြောင့်ကျီးများ၏ လက်ဆောင်းပေးခြင်းကို ခံခဲ့ရသည့် အသက်၈နှစ်အရွယ် ကလေးမလေး

လေးနှစ်ကြာအောင် အစားအစာများကို နေ့စဉ်မပျက်ကျွေးသောကြောင့်ကျီးများ၏ လက်ဆောင်းပေးခြင်းကို ခံခဲ့ရသည့် အသက်၈နှစ်အရွယ် ကလေးမလေး

တိရိစ္ဆာန်လေးများသည် အသိညဏ်အားဖြင့်လည်း နည်းပါးလှပြီး လူသားတို့၏ စောင့်ရှောက်မှုကို အထူးလိုအပ်လှပေသည်။ယခုတွင်လည်း အသက်၈နှစ်အရွယ်သာရှိသေးသည့် ကလေးမလေးသည် ကျီးကန်းလေးများကို နေ့စဥ်မပျက် အစားများကျွေးမွေးခဲ့ပါတယ်။

ကလေးမလေးဟာ အသက်၄နှစ်အရွယ်မှစကာ ကျီးကန်းများကို အစားကျွေးခဲ့ပြီး ပျက်ကွက်သည့်ရက်ပင်မရှိခဲ့ဘူးဟု သိရပါတယ်။ထို့ကြောင့် ကျီးကန်းများဟာလည်း ရံဖန်ရံခါတွင် ကလေးမလေးအတွက် လက်ဆောင်များ ယူဆောင်လာပေးတတ်ပါတယ်။

ကျီးကန်းများယူဆောင်ပေးသော အရာများကို ကလေးမလေးဟာ သေချာစွာဖြင့် သိမ်းဆည်းထာခဲ့သည်။ထိုကလေးမလေးဟာ သူမရရှိထားသော လက်ဆောင်လေးများကို လူမှုကွန်ယက်မှတစ်ဆင့် အခြားသူများအား ပြသသွားခဲ့ပါတယ်။

လူအများဟာ ကလေးမလေးကို မေတ္တာတရားအလွန်းကြီးမားကာ အသုံးပြု၍မရသော်လည်း လက်ဆောင်ပစ္စည်းများကို တန်ဖိုးထားသည့်အတွက် ချီးကျူးခဲ့ကြပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*