လေယာဉ်ကွင်းမှာ ၂၄နှစ်အကြာ သန့်ရှင်းရေးအလုပ်လုပ်ခဲ့ပြီးနောက် အချိန်ပြည့်လေယာဉ်မှူးတစ်ဦးဖြစ်လာခဲ့တဲ့ အမျိုးသား

လေယာဉ်ကွင်းမှာ ၂၄နှစ်အကြာ သန့်ရှင်းရေးအလုပ်လုပ်ခဲ့ပြီးနောက် အချိန်ပြည့်လေယာဉ်မှူးတစ်ဦးဖြစ်လာခဲ့တဲ့ အမျိုးသား

လေယာဉ်ကွင်းထဲက အမှိုက်တွေကို လိုက်စုဆောင်းတဲ့သူက လေယာဉ်မှူးဖြစ်လာနိုင်တယ်လို့ထင်ပါသလား။ Mohammed Abubakar အတွက်ကမူ ၎င်းအရာက သူ့ရဲ့ကြိုးစားအားထုတ်မှုတွေကြောင့် အမှန်တကယ်ဖြစ်လာခဲ့ပါတယ်။ Mohammed Abubakar အမည်ရှိအမျိုးသားတစ်ဦးဟာ Nigeria နိုင်ငံရှိ မြို့ငယ်လေးတစ်မြို့မှ မွေးဖွားလာခဲ့ပြီး အထက်တန်းပြီးတဲ့နောက် Kaduna Polytechnic တက္ကသိုလ်မှာ ကျောင်းတက်ခဲ့ပါတယ်။

သို့ပေမဲ့ သူဟာ အချိန်နှင့်တပြေးညီ တင်ပြရန် ပျက်ကွက်ခဲ့တာကြောင့် ကျောင်းမှ ကျောင်းဆက်တက်ဖို့ အခွင့်အရေးမပေးခဲ့ပါဘူး။အိမ်မှာနေပြီး သူ့ရဲ့အခြေအနေကို တွေးတောနေမဲ့အစား Mohammed ဟာ Kabo Air လေဆိပ်မှာ လေဆိပ်သန့်ရှင်းရေးသမားအဖြစ် အလုပ်ဝင်လုပ်ခဲ့ပြီး တစ်နေ့ကို နိုင်ဂျီးရီးယား Naira ၂၀၀ (ဒေါ်လာ ဝ.၅၀) သာ ရရှိခဲ့ပါတယ်။

“ လူတော်တော်များများက ကျွန်တော့်ကို ပိုက်ဆံမရှိဘဲ အလုပ်မရနိုင်ဘူးလို့ ဆိုကြတယ် ၊ ကျွန်တော်နောက်ပိုင်းမှာ လေကြောင်းလိုင်းနဲ့အတူ မြေပြင်ဝန်ထမ်းအဖြစ် အလုပ်လုပ်ခဲ့တယ် ၊ ကုမ္ပဏီမှာရှိတဲ့ကျွန်တော့်ရဲ့ ဝန်ဆောင်မှုမှတဆင့် လုံခြုံရေးကလွှဲရင် ယူနစ်အားလုံးနီးပါးမှာ အလုပ်ဝင်လုပ်ဖူးတယ် ၊ အဲ့ဒီအလုပ်တွေက ကျွန်တော့်ကို လေကြောင်း sector မှာ အလုပ်ရသွားဖို့ အများကြီးကူညီပေးခဲ့တယ်” လို့ Mohammed က ဆိုခဲ့ပါတယ်။

Mohammed ဟာ ၎င်းအလုပ်မှာ အလွန်ကြိုးစားလုပ်ဆောင်ခဲ့ပြီး သူ့ရဲ့အထက်အရာရှိများထံကနေ လေးစားခြင်းကို ခံခဲ့ရပါတယ်။ထို့နောက် ၎င်းတို့က သူ့ကို လေယာဉ်အမှုထမ်းအဖြစ် ကမ်းလှမ်းခဲ့ကြပြီး Mohammed ကလည်း ၎င်းကို ဝမ်းမြောက်စွာ လက်ခံခဲ့ပါတယ်။နောက်ပိုင်းမှာ Mohammed အား Aero Contractor တွေက လေယာဉ်အမှုထမ်းအဖြစ် ဌားရမ်းခဲ့ကြပါတယ်။

အဆင့်မြင့်လာတဲ့သူ့ရဲ့အလုပ်အကိုင်တွေကြောင့် Mohammed ဟာ လစာကောင်းလာခဲ့ပါတယ်။၎င်းဟာ ယခင်လေဆိပ်သန့်ရှင်းရေးသမားတစ်ဦးအတွက် ကြီးမားတဲ့ခြေလှမ်းဖြစ်သွားခဲ့ပါတယ်။သို့ပေမဲ့ Mohammed ဟာ လစာတိုးမြှင့်သွားခဲ့ပေမဲ့လည်း ၎င်းကို စိတ်အားရကျေနပ်မှုမရှိခဲ့ပါဘူး။

Mohammed ဟာ လေယာဉ်မှူးဖြစ်ချင်ခဲ့ပြီး သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေနဲ့အတူ အလှူငွေထည့်ဝင်မှုစနစ်သို့ ဝင်ရောက်ခဲ့ကာ သူ့ရဲ့အစုရှယ်ယာတွေရလာတဲ့အခါ ၎င်းက သူအမှန်တကယ်လိုချင်တဲ့အရာကို ဖြစ်လာအောင် လုပ်ပေးခဲ့ပါတယ်။သူ့ရဲ့မန်နေဂျင်းဒါရိုက်တာရဲ့ထောက်ခံမှုဖြင့် Mohammed ဟာ ကနေဒါမှာ လေယာဉ်မှူးသင်တန်းတက်ရောက်ခဲ့ပြီး နောက်ဆုံးမှာ သူ့ရဲ့ကိုယ်ပိုင်လေယာဉ်မှူးလိုင်စင်ကို ရရှိသွားခဲ့ပါတယ်။

Mohammed ဟာ အခက်အခဲများစွာကို ကြုံတွေ့ခဲ့ရပြီးနောက် နောက်ဆုံးမှာ စီးပွါးဖြစ်လေယာဉ်မှူးလိုင်စင်ကို ရရှိခဲ့ရပါတယ်။ထို့နောက် သူဟာ Nigerian ကုမ္ပဏီဖြစ်တဲ့ Azman Air လေကြောင်းလိုင်းကို join ခဲ့ပါတယ်။အခုတော့ လေယာဉ်ကွင်းမှာ ၂၄နှစ်အကြာ သန့်ရှင်းရေးလုပ်ခဲ့တဲ့ Mohammed ဟာ အချိန်ပြည့်လေယာဉ်မှူးတစ်ယောက်ဖြစ်လာခဲ့ပါတော့တယ်။

 

Be the first to comment

Leave a Reply

Your email address will not be published.


*