လေယာဉ်ကွင်းတွင် သွားကြိုလျှင် ပန်းစီးလေးဖြင့် ကြိုဆိုကြသည်ဟု ကြားဖူးသောကြောင့် မနက်စာစားမည့်ပိုက်ဆံလေးဖြင့် ပန်းစီးဝယ်ကာ သားဖြစ်သူကို လေယာဉ်ကွင်းတွင် သွားကြိုခဲ့သည့်မိခင်

လေယာဥ်ကွင်းတွင် သွားကြိုလျှင် ပန်းစီးလေးဖြင့် ကြိုဆိုကြသည်ဟု ကြားဖူးသောကြောင့် မနက်စာစားမည့်ပိုက်ဆံလေးဖြင့် ပန်းစီးဝယ်ကာ သားဖြစ်သူကို လေယာဥ်ကွင်းတွင် သွားကြိုခဲ့သည့်မိခင်

သားသမီးတို့၏ အဝေးတွင် နေထိုင်ရချိန်တွင် မိဘတို့သည် အချိန်နှင့်အမျှ သားသမီးတို့ကို လွမ်းဆွတ်နေတတ်ကြပေသည်။အသက်မည်မျှပင် ကြီးနေပါစေ မိဘတို့ဟာ သားသမီးတို့ကို ကလေးဟုသာ ထင်မြင်ပြီး စိတ်ပူနေတတ်ကြပေသည်။

ယခုတွင်လည်း မိခင်တစ်ဦးသည် သားဖြစ်သူမှ ဂျပန်နိုင်ငံတွင် အလုပ်လုပ်ပြီး ၃နှစ်ကြာပြီးနောက် ပြန်လာတော့မည်ဟု သတင်းကြားခဲ့သည်။ထို့ကြောင့် မိခင်ဖြစ်သူဟာ ရွာမှနေပြီး ဟန်နွိုင်းမြို့ လေယာဥ်ကွင်းအထိသွားကာ သားလေးကို သွားကြိုခဲ့ပါတယ်။

လေယာဥ်ကွင်းသို့သွားကြိုလျှင်လည်း လူအများဟာ ပန်းစီးလေးဖြင့် သွားကြိုကြသည်ဟု ကြားဖူးသောကြောင့် လက်ထဲတွင်ရှိသော ငွေကြေးလေးဖြင့် ပန်းစီးလေးဝယ်ယူခဲ့ကာ သားကို လေယာဥ်ကွင်း၌ သွားကြိုခဲ့ပါတယ်။မိဘတို့၏ သားသမီးအေပေါ်တွင် ထားရှိသော ချစ်ခြင်းမေတ္တာသည် ဘယ်အရာနှင့်မျှ နှိုင်းယှဥ်၍ မရနိုင်ပေ။

 

Be the first to comment

Leave a Reply

Your email address will not be published.


*