လေတိုက်တဲ့နေရာမှာမှ ဓာတ်ပုံရိုက် ပဲထုတ်ချင်မိခဲ့တဲ့ ကောင်မလေးရဲ့အဖြစ်

မိန်းကလေးတော်တော်များများဟာ အလှကြိုက်ကြပြီး ကြည့်လိုက်တိုင်း အမြဲလှပြီး လူကြားထင်းနေစေဖို့ ဘယ်လိုနည်းလမ်းနဲ့ဘဲ သုံးရသုံးရ အကုန်လိုက်လုပ်တတ်ကြပါတယ်။

တရုတ်ရိုးရာဝတ်စုံတွေက သိတဲ့အတိုင်း ပါးပါးလေးနဲ့ အထပ်ပေါင်းများစွာရှိတာကိုလည်း သိကြမှာပါ ၊ အခုလည်း ခရီးထွက်ရင်း ရိုးရာဝတ်စုံလေးဝတ် ၊ ဆံပင်လေး ဖားလားကျပြီး ပဲများချင်နေခဲ့တဲ့ဒီတရုတ်မလေးကတော့ လေပြင်းတိုက်တဲ့ကမ်းစပ်တစ်ခုရောက်ရော ဒုက္ခလှလှ တွေ့သွားခဲ့ပြီး သူ့ခမျာ ဘာမှမလုပ်နိုင်တော့အောင် ဖြစ်နေခဲ့ရပါတယ်။

ပါးလွှာတဲ့ဝတ်စုံကလည်း လှန် ၊ ဆံပင်ကလည်း မိုးထိအောင် ထောင်တက်နေလို့ အနောက်ကလူတွေက သူ့ကို ကြည့်ရင်း အားရပါးရ ရယ်နေခဲ့ကြသလို ဓာတ်ပုံရိုက်တဲ့သူကလည်း ရိုက်နေခဲ့ကြပါတယ်။တစ်ကယ်လည်း သူ့ဆံပင်ပုံစံက မိုးပေါ်ကနေ သံလိုက်နဲ့ လှမ်းဆွဲနေသလိုပါဘဲလေ။

 

Be the first to comment

Leave a Reply

Your email address will not be published.


*