လူအယောက် ၂၀ကျော်နဲ့ ၃နှစ်ကြာအချိန်ယူပြီး ထုထွင်းခဲ့ရတဲ့ သစ်သားခြင်္သေ့ကြီးကို ထုတ်ပြခဲ့တဲ့ ပန်းပုဆရာ

လူအယောက် ၂၀ကျော်နဲ့ ၃နှစ်ကြာအချိန်ယူပြီး ထုထွင်းခဲ့ရတဲ့ သစ်သားခြင်္သေ့ကြီးကို ထုတ်ပြခဲ့တဲ့ ပန်းပုဆရာ

ပန်းပုဆရာ Dengding Rui Yao ဟာ သစ်ပင်ပင်စည်တစ်ခုတည်းမှ ထုထွင်းထားတဲ့ မယုံနိုင်စရာကောင်းတဲ့ သစ်သားခြင်္သေ့ကြီး တစ်ကောင်ကို ထုတ်ပြခဲ့ပါတယ်။

Yao ဟာ ၎င်း ပန်းပုကို မြန်မာနိုင်ငံမှာ လက်ထောက် လူအယောက် ၂၀ နဲ့ သုံးနှစ်အကြာ ထုထွင်းပြုလုပ်ခဲ့ရပြီးနောက် အမြဲတမ်းနေထိုင်တဲ့ တရုတ်နိုင်ငံ ဝူဟန်မြို့ Fortune Plaza Times Squareရှိနေအိမ်သို့ ပြောင်းရွေ့သယ်ဆောင်လာခဲ့တာပါ။တိုင်းတာချက်အရ ၎င်း သစ်သားခြင်္သေ့ကြီးက ၄၇.၅ ပေ အရှည် ၊ ၁၆.၄ ပေ အမြင့် နဲ့ ၁၃.၁ ပေ အကျယ်ရှိပါတယ်။

အကယ်လို့ ထိုတိုင်းတာမှုမှန်ကန်ပါက ၎င်းခြင်္သေ့ကြီးဟာ ကမ္ဘာပေါ် မှာ အရှည်လျားဆုံး သစ်သားပန်းပု ဖြစ်နိုင်ပါတယ်။သို့ပေမဲ့ Guinness World Records ရဲ့ website အရ Chunhui Zheng ရဲ့ ပန်းပုက အရှည်ဆုံးအဖြစ် အသိအမှတ်ပြုခံထားရတာကြောင့် ဒီခြင်္သေ့ကြီးကို တရားဝင်အတည်မပြုရသေးပါဘူး။

 

သို့ပေမဲ့ အဆိုပါ ခြင်္သေ့ကြီးကတော့ မယုံနိုင်လောက်အောင်ဘဲ လက်ရာပြောင်မြောက်နေပါတယ်ဗျာ။

 

 

 

Be the first to comment

Leave a Reply

Your email address will not be published.


*