လူအများရဲ့ရက်ရောမှုကြောင့် အိမ်မီးလောင်ပြီး ၈လကြာမှ ပထမဆုံးအကြိမ် တိုက်ခန်းမှာနေခွင့်ရလို့ ဝမ်းသာမဆုံးဖြစ်ခဲ့ရတဲ့ မိသားစု

လူအများရဲ့ရက်ရောမှုကြောင့် အိမ်မီးလောင်ပြီး ၈လကြာမှ ပထမဆုံးအကြိမ် တိုက်ခန်းမှာနေခွင့်ရလို့ ဝမ်းသာမဆုံးဖြစ်ခဲ့ရတဲ့ မိသားစု

မလေးရှားနိုင်ငံရှိ အသက် ၃၄ နှစ်အရွယ် Ganesh အမည်ရှိတဲ့အမျိုးသား နှင့် အသက် ၃၂ နှစ်အရွယ် Parameswari အမည်ရှိတဲ့ဇနီးဖြစ်သူတို့ရဲ့နေအိမ်ဟာ ပြီးခဲ့တဲ့ဧပြီလမှာ မီးလောင်သွားခဲ့ပြီးနောက် သူတို့မိသားစုဟာ ကားပေါ်မှာ ရှစ်လကြာနေထိုင်ခဲ့ကြပါတယ်။

သူတို့ရဲ့မိသားစုဟာ Ganesh ရဲ့လစာ ရင်းဂစ် ၁,၂၀၀ ဝင်ငွေကိုသာမှီခိုနေကြရပြီး ဝင်ငွေအများစုကို ကလေးအနှီးများ၊ ကားဓာတ်ဆီ နှင့်ကားပြုပြင်ရေးတွေမှာသာ အသုံးပြုခဲ့ရပါတယ်။သူတို့အိမ်မီးလောင်သွားခဲ့စဉ်က Parameswari ဟာ တတိယမြောက်ကိုယ်ဝန်လွယ်ထားခဲ့ပြီး နှစ်ပတ်အကြာမှာဘဲ သူမဟာ Kirthana အမည်ရှိတဲ့ကလေးကို ကားပေါ်မှာမွေးခဲ့ပါတယ်။

မိသားစုရဲ့တစ်ကိုယ်ရေသန့်ရှင်းရေးအတွက် အများသုံးအိမ်သာကို အသုံးပြုခဲ့ရပြီး ကလေးတွေကို ထောက်ပံ့ဖို့ငွေအလုံအလောက်မရှိတာကြောင့် Parameswari က သူမရဲ့ရှစ်လအရွယ်ကလေးငယ် Kirthana ကို အာဟာရမှုန့်မတိုက်နိုင်ဘဲ ကော်ဖီဘဲတိုက်ခဲ့ရပါတယ်။Ganesh က သူ့ဝင်ငွေက နည်းတာကြောင့် အိမ်ရာစီမံကိန်းက တိုက်ခန်းတစ်ခန်းငှါးပေးဖို့ တောင်းခံခဲ့ပေမယ့် ပြည်နယ်အာဏာပိုင်များရဲ့တုံ့ပြန်မှုကို မရခဲ့ကြောင်း ဆိုခဲ့ပါတယ်။ဒါပေမဲ့ ကံတရားက သူတို့ကို လျစ်လျူရှုမထားခဲ့ပါဘူး။

 

Ganesan က သူတို့ကိုကူညီပေးနေခဲ့သူအားလုံးနှင့် မလေးရှားလူမျိုးများရဲ့ ကြင်နာမှုတွေကြောင့်“ ဒီရှစ်လအတွင်းမှာ ပထမဆုံးအကြိမ်အဖြစ် ကျွန်တော်နဲ့ ကျွန်တော့်မိသားစုက မွေ့ရာပေါ်မှာ အိပ်ကြရတော့မယ်” လို့ ဆိုရင်း ကျေးဇူးတင်နေခဲ့ပါတယ်။တစ်ကယ်တော့ Ustaz က ဒေသခံပရဟိတလုပ်ငန်းရှင်တစ်ဦးဖြစ်ပြီး Ram THR လို့လူသိများပါတယ်။

 

Be the first to comment

Leave a Reply

Your email address will not be published.


*