လူမှုရေးနားမလည်ဘဲ ဆိုင်ရှေ့တည့်တည့်တွင် ပိတ်ရပ်ထားသော ကားကို ဆေးဖြန်းပြီး ပညာပေးခဲ့သည့် ဆိုင်ပိုင်ရှင်တစ်ဦး

လူမှုရေးနားမလည်ဘဲ ဆိုင်ရှေ့တည့်တည့်တွင် ပိတ်ရပ်ထားသော ကားကို ဆေးဖြန်းပြီး ပညာပေးခဲ့သည့် ဆိုင်ပိုင်ရှင်တစ်ဦး

 

မြို့ကြီးပြကြီးများတွင် နေထိုင်သူများအတွက် ကားရပ်ရန်နေရာ ရှာဖွေရသည်မှု အလွန်မလွယ်ကူလှသော အလုပ်တစ်ခုလိုပင်ဖြစ်နေသည်။အချို့မြို့များတွင့် ကားများသာမကဘဲ ဆိုင်ကယ်ပင်လျှင် ရပ်ထားရန်နေရာခက်ခဲနေတတ်သည်။

ထို့ကြောင့် တစ်ခါတစ်လေတွင် နေရာလွတ်နေသော ဆိုင်များ၏ရှေ့တွင်ခေတ္တရပ်ထားရငည့်အချိန်မျိုး ကြုံဖူးကြပေလိမ့်မည်။ယခုတွင်လည်း ဗီယက်နမ်နိုင်ငံမှ အမျိုးသားတစ်ဦးသည် စတိုးဆိုင်တစ်ဆိုင်၏ရှေ့တွင် ကားအားရပ်နားထားခဲ့ပါတယ်။

ထိုအခါ ဆိုင်ရှင်ဖြစ်သူဟာလည်း ဆိုင်ရှေ့တည့်တည့်တွင် ပိတ်ရပ်ထားသောကြောင့် မကျေမနပ်ဖြစ်ကာ ကားတစ်ခုလုံးကို မှုတ်ဆေးများဖြင့် ဖြန်းပစ်ခဲ့ပါတယ်။

ထိုအကြောင်းဟာ လူမှုကွန်ယက်ပေါ်တွင် ပျံနှံသွားသောအခါ လူအများစုတို့သည် ဆိုင်ရှင်၏လုပ်ရပ်ကို ထောက်ခံခဲ့ကြပြီး အချို့သည်လည်း ဆိုင်ရှင်အနေဖြင့် သည်းခံနားလည်ပေးသင့်သည်ဟု ဆိုနေခဲ့ကြပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*