လူပျင်းတွေအတွက် အဆင်ပြေစေမဲ့ ခေါင်းလျှော်ပေးတဲ့စက်ကို တီထွင်ခဲ့တဲ့အမျိုးသား (ရုပ်သံ)

လူပျင်းတွေအတွက် အဆင်ပြေစေမဲ့ ခေါင်းလျှော်ပေးတဲ့စက်ကို တီထွင်ခဲ့တဲ့အမျိုးသား (ရုပ်သံ)

ပျင်းလွန်းတဲ့လူတွေကတော့ အမြဲတမ်းဆိုဖာပေါ်မှာတာ လဲနေချင်တတ်ကြပြီး ၊ အလုပ်တွေဆိုရင်လည်း ဆိုဖာပေါ်မှာသာ ထိုင်ပြီးလုပ်ချင်တတ်ကြပါတယ် ။ ဒီတစ်ခေါက်မှာလည်း တရုတ်နိုင်ငံကအမျိုးသားတစ်ယောက်ဟာ ခေါင်းလျှော်ပေးမဲ့စက်ကိုတီထွင်ခဲ့ပါတယ် ။ ယခုခေတ်မှာ အပျင်းထူလွန်းတဲ့လူတွေအတွက်တော့ အတော်လေးကိုဇိမ်ကျစေမှာပါ ။ အဆိုပါစက်မှာ ဆံပင်အခြောက်ခံစက်ပါ ပါရှိပါသေးတယ် ။

ပထမဆုံးကတော့ အဆိုပါစက်ပေါ်အိပ်လှဲချလိုက်ပါ ။ ဘာလို့လဲဆိုတော့ ခုံကနောက်ပြန်လှန်ချရမှာမို့လို့ပါပဲ ။ ဒါပေမဲ့ ရေမနင်အောင်တော့ နှာခေါင်းကိုအဝတ်ညှပ်နဲ့ သေချာပိတ်ပေးရမှာပါ ။ ထို့နောက် ခေါင်းကိုနောက်ပြန်လှန်ချပြီး ရေပုံထဲမှာခေါင်းကိုနစ်ထားကာ ပါးစပ်တွင်လည်း ပိုက်တစ်ချောင်းနှင့်အသက်ရှုရမှာပါ ။

ပြီးရင်တော့ ခုံကိုပြန်လှည့်ပြီး ဆံပင်ကိုအခြောက်ခံလိုက်ရင်ရပါပြီ ။ အဆိုပါအမျိုးသားဟာ အခြားသော ထူးထူးဆန်းဆန်းအသုံးဝင်မည့်ပစ္စည်းလေးတွေကိုလည်း တီထွင်ထားတာကို video မှာတွေ့ရှိရမှာပါ ။

Zawgyi

လူပ်င္းေတြအတြက္ အဆင္ေျပေစမဲ့ ေခါင္းေလွ်ာ္ေပးတဲ့စက္ကို တီထြင္ခဲ့တဲ့အမ်ိဳးသား (႐ုပ္သံ)

ပ်င္းလြန္းတဲ့လူေတြကေတာ့ အၿမဲတမ္းဆိုဖာေပၚမွာတာ လဲေနခ်င္တတ္ၾကၿပီး ၊ အလုပ္ေတြဆိုရင္လည္း ဆိုဖာေပၚမွာသာ ထိုင္ၿပီးလုပ္ခ်င္တတ္ၾကပါတယ္ ။ ဒီတစ္ေခါက္မွာလည္း တ႐ုတ္ႏိုင္ငံကအမ်ိဳးသားတစ္ေယာက္ဟာ ေခါင္းေလွ်ာ္ေပးမဲ့စက္ကိုတီထြင္ခဲ့ပါတယ္ ။ ယခုေခတ္မွာ အပ်င္းထူလြန္းတဲ့လူေတြအတြက္ေတာ့ အေတာ္ေလးကိုဇိမ္က်ေစမွာပါ ။ အဆိုပါစက္မွာ ဆံပင္အေျခာက္ခံစက္ပါ ပါရွိပါေသးတယ္ ။

ပထမဆုံးကေတာ့ အဆိုပါစက္ေပၚအိပ္လွဲခ်လိုက္ပါ ။ ဘာလို႔လဲဆိုေတာ့ ခုံကေနာက္ျပန္လွန္ခ်ရမွာမို႔လို႔ပါပဲ ။ ဒါေပမဲ့ ေရမနင္ေအာင္ေတာ့ ႏွာေခါင္းကိုအဝတ္ညႇပ္နဲ႔ ေသခ်ာပိတ္ေပးရမွာပါ ။ ထို႔ေနာက္ ေခါင္းကိုေနာက္ျပန္လွန္ခ်ၿပီး ေရပုံထဲမွာေခါင္းကိုနစ္ထားကာ ပါးစပ္တြင္လည္း ပိုက္တစ္ေခ်ာင္းႏွင့္အသက္ရႈရမွာပါ ။

ၿပီးရင္ေတာ့ ခုံကိုျပန္လွည့္ၿပီး ဆံပင္ကိုအေျခာက္ခံလိုက္ရင္ရပါၿပီ ။ အဆိုပါအမ်ိဳးသားဟာ အျခားေသာ ထူးထူးဆန္းဆန္းအသုံးဝင္မည့္ပစၥည္းေလးေတြကိုလည္း တီထြင္ထားတာကို video မွာေတြ႕ရွိရမွာပါ ။

Be the first to comment

Leave a Reply

Your email address will not be published.


*