
လူပေါင်း 6000 ခန့်က သုသာန်ကို တစ်ကယ့်နေအိမ်တစ်ခုလို မှီခိုအားထားနေထိုင်နေကြရတဲ့ အဖြစ်
ကမ္ဘာတစ်ဖက်တစ်ခြမ်းမှာ နေထိုင်နေကြရတဲ့လူတွေရဲ့ ဘဝအခြေအနေကို ကိုယ်တွေမသိနိုင်ပါဘူး ။ တစ်ချို့သူတွေကတော့ ကိုယ်တွေထက် အဆင်ပြေကြလိမ့်မယ် ။ သို့ပေမဲ့လည်း အချို့သောလူတွေရဲ့ဘဝအခြေအနေတွေက ကိုယ်တွေထက် များစွားဆိုးရွားလွန်းလှပါတယ် ။
ဒီတစ်ခေါက်မှာလည်း ဖိလစ်ပိုင်နိုင်ငံ ၊ မနီလာမြို့မှနေထိုင်လျက်ရှိတဲ့ လူပေါင်း 6000 ကျော်ခန့်ဟာ သုသာန်ကို သူတို့ရဲ့နေအိမ်လို မှီခိုပြီး နေထိုင်နေကြရတာပါ ။ သူတို့အတွက်ကတော့ သုသာန်ကလွဲပြီး အခြားနေစရာ နေရာမရှိလို့ပါပဲ ။ မနီလာမြို့ရဲ့မြောက်ဖက်ပိုင်းမှာရှိတဲ့ အဆိုပါသုသာန်ဟာ အကြီးဆုံး နဲ့ သက်တမ်းအရှည်ဆုံးသုသာန်လည်းဖြစ်ကာ အကျယ်အဝန်းမှာ 54 ဧကခန့်ရှိပြီး ၊ အခက်အခဲအကြပ်အတည်း ရင်ဆိုင်းနေရတဲ့သူတွေအတွက်ကတော့ အနှောင့်အယှက်ကင်းကင်းနဲ့ မှီခိုအားထားနေထိုင်ရာ နေရာလေးဖြစ်နေခဲ့ပါတယ် ။
#3
#4
#5
#6
#7
#8
#9
#10
#11
#12
#13
#14
#15
#16
#17
Leave a Reply