
လူတိုင်း၏နှလုံးတိုင်းကို ရိုက်ခတ်နိုင်ခဲ့သည့် အသက်၈၀အရွယ်ရှိနေပြီဖြစ်သော်လည်း ဈေးထဲတွင် ကုန်ထမ်းကာ ဝင်ငွေရှာဖွေနေရသည့် အဖွားအို
စာဖတ်သူတို့အနေဖြင့် မနက်ခင်းအချိန်များတွင် စျေးဝယ်သွားသည့်အခါမျိုး၌ ကုန်ပစ္စည်းများရောင်းချနိုင်ရန် စျေးသည်များဆီသို့ ကုန်ပစ္စည်းများ လိုက်ပို့နေသော အမျိုးသားများကို တွေ့ရမှာဖြစ်ပါတယ်။
ထိုသို့လေးလံလွန်းလှသော ကုန်ပစ္စည်းများကို လိုက်လံပို့ဆောင်ရန်မှာ သာမာန်လူပင် ပို့ဆောင်ရန် မလွယ်ကူလှပေ။သို့သော်လည်း အသက်၈၀အရွယ်ရှိနေပြီဖြစ်သော အဖွားအိုဟာ ဘဝ၏စားဝတ်နေရေးအတွက် အလုပ်လုပ်ကိုင်နေဆဲဖြစ်ပါတယ်။
အဖွားအိုဟာ အရွယ်နှင့်မလိုက်အောင် ကုန်ပစ္စည်းတွေကို ထမ်းပို့နေရတာဖြစ်ပြီး အမျိုးသမီးတွေဟာ ပျော့ညံ့မှုမရှိဘူးဆိုတာကို သက်သေပြနေသလိုဘဲဖြစ်ပါတယ်။အသက်အရွယ်အားဖြင့် အေးချမ်းစွာ အနားယူနေရမည်ဖြစ်သော်လည်း ကြိုးစားလုပ်ကိုင်နေရသည့် အဖွားအို၏ ဘဝကို စာနာမိတာဖြစ်ပါတယ်။
Leave a Reply