လူတစ်ယောက်ရဲ့အသက်အန္တရာယ်ကို ထည့်မတွေးပေးဘဲ အလျင်လိုစွာနဲ့ truck ကားနောက်ကို ဖြတ်မောင်းသွားခဲ့တဲ့ ကားသမား

လူတစ်ယောက်ရဲ့အသက်အန္တရာယ်ကို ထည့်မတွေးပေးဘဲ အလျင်လိုစွာနဲ့ truck ကားနောက်ကို ဖြတ်မောင်းသွားခဲ့တဲ့ ကားသမား

အလျင်လိုနေပုံရတဲ့ Mercedes ကားမောင်းသမားဟာ နောက်ဆုတ်ဖို့ လုပ်နေတဲ့ delivery truck ရဲ့နောက်က လမ်းကျဉ်းလေးထဲကို အတင်းမောင်းဖို့ ကြိုးစားခဲ့ပြီးနောက် အလုပ်သမားတစ်ဦးဟာ ၎င်းကားနှစ်စီးကြားမှာ ညှပ်ခံသွားတော့မလိုဖြစ်ခဲ့ရပါတယ်။၎င်းအဖြစ်အပျက်ဟာ ဇန်နဝါရီ ၂၆ ရက်နေ့က စင်္ကာပူနိုင်ငံရှိ Ikea Tampines ရဲ့အပြင်ဘက်ရှိ ကားရပ်နားရာ နေရာမှာ ဖြစ်ပွါးခဲ့ပြီး CCTV မှလည်း ၎င်းမြင်ကွင်းတစ်ခုလုံးကို ဖမ်းယူရိုက်ကူးနိုင်ခဲ့ပါတယ်။

၎င်း delivery truck ကားက ကုန်ချဖို့ ကားနောက်ဆုတ်နေတဲ့အချိန်မှာ အနက်ရောင် Mercedes ကားက ရုတ်တရက်ပေါ်လာခဲ့ပါတယ်။အခြား အဖြူရောင်ကား တစ်စီးကတော့ ဖြတ်ကူးသွားဖို့ ကားရပ်ပြီး စောင့်နေခဲ့ပါတယ်။သို့ပေမဲ့ အလျင်လိုပြီး ဒေါသကြီးပုံရတဲ့ ၎င်းအနက်ရောင် Mercedes ကားမောင်းသူဟာ truck နောက်မှာ ရှိတဲ့အလုပ်သမားတစ်ဦးက ခနစောင့်ပေးဖို့ လက်ဟန်ပြခဲ့ပေမဲ့ မရရအောင် truckရဲ့နောက်ကနေ ဖြတ်မောင်းသွားဖို့ ကြိုးစားခဲ့ပါတယ်။

ထို့အပြင် အဆိုပါကားမောင်းသူဟာ အလုပ်သမားရဲ့လုံခြုံမှုကို ထည့်သွင်းစဉ်းစားခြင်းမရှိဘဲ ကျဉ်းမြောင်းတဲ့လမ်းကြောင်းကို စိတ်မရှည်စွာနဲ့ ဖြတ်မောင်းပစ်ခဲ့ပါတယ်။ကားနှစ်စီးကြားမှာ ညှပ်သွားခဲ့ရတဲ့ အလုပ်သမားကလည်း အသက်အန္တရာယ်မဖြစ်အောင် သူ့ရဲ့ခန္ဓာကိုယ်ကို ဟန်ချက်ညီဖို့ ကြိုးစားထိန်းနေခဲ့ရပါတယ်။၎င်း Mercedes ကားဟာ truck ရဲ့ဖင်နောက်ဘေးဖက်ထောင့်နဲ့ ခြစ်မိသွားခဲ့ပေမဲ့ ကားမရပ်ဘဲ ဆက်မောင်းသွားခဲ့ပါသေးတယ်။ထို့နောက် အလုပ်သမားက Mercedes ကားရဲ့ လုပ်ရပ်ကို တအံ့တဩနဲ့သာ ကြည့်ရင်း နောက်မှာ ကျန်နေခဲ့ရပါတယ်။

ယာဉ်ကျောပိတ်ဆို့နေတဲ့အချိန်မှာ truck ကားက ဘာလို့ အဲ့လို parking ထိုးနေခဲ့တာလဲလို့ အင်တာနက်အသုံးပြုသူများစွာက မေးခွန်းထုတ်နေကြချိန် မှတ်ချက်ပေးတဲ့အပိုင်းမှ အလုပ်သမားရဲ့ ဇနီးဖြစ်သူက သူမရဲ့ခင်ပွန်းက ဖြစ်သလို parking လုပ်တာမဟုတ်သလို ၊ truck ကားရဲ့နောက်ကျော်တံခါးကို ပိတ်ဖို့ကြိုးစားခဲ့လို့ အခုလို ကြားညှပ်သွားခဲ့ရကြောင်း မှတ်ချက်ပေးခဲ့ပါတယ်။

ထို့နောက် သူမက ၎င်းအဖြစ်အပျက်ကို ရဲထံ အစီရင်ခံခဲ့ပြီးပြီဖြစ်သလို သူမရဲ့ခင်ပွန်းက ဘာမှမဖြစ်ခဲ့လို့ သူမစိတ်သက်သာရာရကြောင်းကို ထပ်မံပြောပြခဲ့ပါသေးတယ်။ကားသမားကလည်း ဘယ်လောက်ဘဲ အလျင်လိုလို အခုလိုတော့ မလုပ်သင့်ပါဘူး။ခနလေးစောင့်ပေးလိုက်တာက အမှားကင်းသလို ကြီးမားတဲ့ပြဿနာတွေလည်းရှိလာမှာ မဟုတ်ပါဘူးဗျာ။ကြားညှပ်သွားတဲ့အလုပ်သမားက ဘာမှမဖြစ်သွားလို့ တော်သေးတာပေါ့ဗျာ။

 

Be the first to comment

Leave a Reply

Your email address will not be published.


*