
လူတစ်ယောက်က သူ့အတွက် နာရီအစစ်တစ်လုံးဝယ်ပေးလိုက်လို့ ဝမ်းသာပြီးမျက်ရည်ကျသွားခဲ့တဲ့ စက္ကူနာရီလေးနဲ့ကောင်လေး
ကျွန်တော်တို့အများစုက ဇိမ်ခံအိမ် ၊ ဈေးကြီးတဲ့ကား နဲ့ နောက်ဆုံးပေါ် လူသုံးပစ္စည်းတွေကို တတ်နိုင်သမျှ အမြတ်အစွန်းရဖို့ ကြိုးစားနေချိန်မှာ ရိုးရှင်းတဲ့နာရီတစ်လုံးကို ဝယ်ယူဖို့ မတတ်နိုင်တဲ့လူတွေလည်း ရှိနေပါတယ်။စက္ကူနဲ့ဆွဲထားတဲ့လက်ပတ်နာရီကို ပတ်ထားတဲ့ကောင်လေးကို တွေ့ရင် သင်ဆို ဘာလုပ်ပေးမိမှာပါလဲ။
Mfa Bob အမည်ရှိအမျိုးသားဟာ သူ့ရဲ့Facebook acc မှာ ကိုယ်တိုင်လုပ်ထားတဲ့စက္ကူလက်ပတ်နာရီကို ဝတ်ထားတဲ့ကောင်လေးတစ်ယောက်ကြောင့် သူဘယ်လောက်ထိမိသွားခဲ့တဲ့အကြောင်းနဲ့ ကောင်လေးအတွက် လက်ပတ်နာရီဝယ်ပေးတဲ့အကြောင်းကို ပြောပြခဲ့ပါတယ်။ Mfa Bob က နာရီအရမ်းကြိုက်တဲ့ အဆိုပါကောင်လေး Allahuakbar ကို တွေ့တော့ ဝမ်းနည်းသွားခဲ့ပါတယ်။
ထို့နောက် သူဟာ ချက်ချင်းဘဲ နာရီဆိုင်ခေါ်သွားခဲ့ပြီး ကောင်လေးကြိုက်တဲ့နာရီတစ်ခုကို ရွေးခိုင်းခဲ့ပါတယ်။ကောင်လေးကလည်း သူ့ကို ဝယ်ပေးမှာတကယ်လားလို့ ဆက်တိုက်မေးနေခဲ့ပြီး သူပြန်ပေးဖို့ ပိုက်ဆံမရှိလို့ သူရောင်းတဲ့အုန့်တွေကို ပြန်ယူဖို့လည်း တကြည်ကြည်ပြောနေခဲ့ပါတယ်။ Mfa Bob ကလည်း အဲ့တာက သူ့စေတနာမို့ မုန့်မယူပါဘူးလို့ ဆိုခဲ့ပြီး သူ ရှေ့ရှောက်ကျန်းမာရေးကောင်းကောင်းနဲ့ အသက်ရှည်နေရဖို့ဘဲ ဆုတောင်းခိုင်းခဲ့ပါတယ်။ထို့နောက် ကောင်လေးက ဆုတောင်းစကားတွေ အများကြီးပေးခဲ့ပါတယ်။
ကောင်လေးက နာရီကို ဝတ်ကြည့်လိုက်တဲ့အချိန်မှာ ဝီးချဲပေါ်ကဦးလေးဖြစ်သူက မျက်ရည်တွေဝဲနေခဲ့ပါတယ်။ကောင်လေးကလည်း ဆက်ပြီး တကယ်ကျွန်တော့်အတွက်လား လို့ ပေးနေခဲ့ပါသေးတယ်။မျက်ရည်ကျပြီး စိတ်မကောင်းဖြစ်သွားတဲ့ Mfa Bob က ဟုတ်တယ် အဲ့တာက ငါ့လည်းလက်ဆောင်ဘဲလို့ ဆိုခဲ့ပါတယ်။
၎င်းအကြောင်းကို Mfa Bob က social media ပေါ်မှာ မျှဝေလိုက်တော့ လူအများက Mfa Bob ကို ချီးကျူးစကားဆိုခဲ့ကြသလို အဆိုပါကောင်လေးကိုလည်း လိုအပ်တဲ့ပစ္စည်းတွေလှူဒါန်းနိုင်ဖို့ စုံစမ်းနေခဲ့ကြပါတယ်။အခုလိုရောဂါကာလမှာ လူတိုင်းက ရုန်းကန်နေကြရပေမဲ့ နာရီလိုချင်နေခဲ့တဲ့ ကောင်လေးရဲ့ဆန္ဒကို ချက်ချင်းဘဲ ဖြည့်ဆည်းပေးလိုက်တဲ့ Mfa Bob ကို အထူးကျေးဇူးတင်နေမိပါတယ်ဗျာ။
Leave a Reply