
လုပ်အားလစာရဲ့တစ်ဝက်ကျော်လောက်ကို လမ်းဘေးတိရစ္ဆာန်တွေအတွက် သုံးခဲ့တဲ့ အမျိုးသား
ချမ်းသာမှ စိတ်ချမ်းသာပျော်ရွှင်မှုကိုရကြတာ မဟုတ်ပါဘူး ။ Azman Ali II အမည်ရှိတဲ့ အမျိုးသားဟာ လမ်းဘေးတိရစ္ဆာန်တွေကို အစားအစာတွေအမြဲဝေမျှပေးနေတဲ့ အမျိုးသားတစ်ယောက်အကြောင်းကို online ပေါ်မှာ ဝေမျှခဲ့ပါတယ် ။ Ann အမည်ရှိတဲ့အမျိုးသားဟာ သန့်ရှင်းရေးဝန်ထမ်း နဲ့ ကားပါကင်စောင့်သူတစ်ယောက်အနေနဲ့ အလုပ်နှစ်မျိုးလုံး လုပ်ကိုင်နေရသူပါ ။ သို့ပေမဲ့လည်း သူ့ရဲ့လုပ်အားလခက အတော်လေးကိုနည်းပါးပါတယ် ။ သူ့ရဲ့လုပ်အားလခကို မိသားစုအတွက် နဲ့ သူ့အတွက်အနည်းငယ်သာအသုံးပြုပြီး လစာငွေရဲ့တစ်ဝက်ကျော်ခန့်ကို လမ်းဘေးတိရစ္ဆာန်လေးတွေရဲ့ အစားအစာအတွက် အသုံးပြုခဲ့ပါတယ် ။
Ann ဟာတစ်ရက်ကိုနှစ်ကြိမ် လမ်းဘေးကြောင် နဲ့ ခွေးလေးတွေကို အစာအမြဲသွားရောက်ကျွေးမွေးလေ့ရှိပါတယ် ။ လမ်းဘေးတိရစ္ဆာန်တွေကလည်း Ann ကို ပုံမှန်နေရာမှာ အမြဲစိတ်ရှည်စွာ အစာစားရဖို့ အမြဲလာစောင့်လေ့ရှိကြပါတယ် ။ တစ်ခါတစ်လေ Ann ဟာနေမကောင်းလွန်းလို့ အလုပ်မသွားနိုင်ရင်တောင် အစာတွေဝယ်ပြီး သူ့ရဲ့လမ်းဘေးအကောင်လေးတွေကို အမြဲမပျက်သွားရောက်ကျွေးမွေးခဲ့ပါတယ် ။
Ann ကတော့ ‘ ကျွန်တော့်ရဲ့ မိသားစု နဲ့ လမ်းဘေးတိရစ္ဆာန်လေးတွေအတွက် ဂရုစိုက်ပေးနိုင်ပြီဆိုရင် တခြားဘယ်အရာကိုမှ မလိုအပ်တော့ပါဘူး ‘ ဆိုပြီး ပြောဆိုခဲ့ပါတယ် ။ Ann ဟာ အဆိုပါလုပ်ရပ်မျိုးကို ပြုလုပ်လာခဲ့တာ 10 နှစ်ကျော်ခန့်ရှိနေပြီဖြစ်ကြောင်း သိရပါတယ် ။
Zawgyi
ခ်မ္းသာမွ စိတ္ခ်မ္းသာေပ်ာ္ရႊင္မႈကိုရၾကတာ မဟုတ္ပါဘူး ။ Azman Ali II အမည္႐ွိတဲ့ အမ်ိဳးသားဟာ လမ္းေဘးတိရစာၦန္ေတြကို အစားအစာေတြအျမဲေဝမ်ွေပးေနတဲ့ အမ်ိဳးသားတစ္ေယာက္အေၾကာင္းကို online ေပၚမွာ ေဝမ်ွခဲ့ပါတယ္ ။ Ann အမည္႐ွိတဲ့အမ်ိဳးသားဟာ သန္႔႐ွင္းေရးဝန္ထမ္း နဲ႔ ကားပါကင္ေစာင့္သူတစ္ေယာက္အေနနဲ႔ အလုပ္ႏွစ္မ်ိဳးလံုး လုပ္ကိုင္ေနရသူပါ ။ သို႔ေပမဲ့လည္း သူ႔ရဲ႕လုပ္အားလခက အေတာ္ေလးကိုနည္းပါးပါတယ္ ။ သူ႔ရဲ႕လုပ္အားလခကို မိသားစုအတြက္ နဲ႔ သူ႔အတြက္အနည္းငယ္သာအသံုးျပဳၿပီး လစာေငြရဲ႕တစ္ဝက္ေက်ာ္ခန္႔ကို လမ္းေဘးတိရစာၦန္ေလးေတြရဲ႕ အစားအစာအတြက္ အသံုးျပဳခဲ့ပါတယ္ ။
Ann ဟာတစ္ရက္ကိုႏွစ္ႀကိမ္ လမ္းေဘးေၾကာင္ နဲ႔ ေခြးေလးေတြကို အစာအျမဲသြားေရာက္ေကြၽးေမြးေလ့႐ွိပါတယ္ ။ လမ္းေဘးတိရစာၦန္ေတြကလည္း Ann ကို ပံုမွန္ေနရာမွာ အျမဲစိတ္႐ွည္စြာ အစာစားရဖို႔ အျမဲလာေစာင့္ေလ့႐ွိၾကပါတယ္ ။ တစ္ခါတစ္ေလ Ann ဟာေနမေကာင္းလြန္းလို႔ အလုပ္မသြားႏိုင္ရင္ေတာင္ အစာေတြဝယ္ၿပီး သူ႔ရဲ႕လမ္းေဘးအေကာင္ေလးေတြကို အျမဲမပ်က္သြားေရာက္ေကြၽးေမြးခဲ့ပါတယ္ ။
Ann ကေတာ့ ‘ ကြၽန္ေတာ့္ရဲ႕ မိသားစု နဲ႔ လမ္းေဘးတိရစာၦန္ေလးေတြအတြက္ ဂ႐ုစိုက္ေပးႏိုင္ၿပီဆိုရင္ တျခားဘယ္အရာကိုမွ မလိုအပ္ေတာ့ပါဘူး ‘ ဆိုၿပီး ေျပာဆိုခဲ့ပါတယ္ ။ Ann ဟာ အဆိုပါလုပ္ရပ္မ်ိဳးကို ျပဳလုပ္လာခဲ့တာ 10 ႏွစ္ေက်ာ္ခန္႔႐ွိေနၿပီျဖစ္ေၾကာင္း သိရပါတယ္ ။
Leave a Reply