လိုင်းပေါ်တွင်တွေ့ရှိပြီး ချစ်သူသက်တမ်း၁နှစ်ကြာသော်လည်း အလုပ်အကြောင်းပြကာ vc မပြောသည့်ချစ်သူအကြောင်းကို စုံစမ်းလိုက်သောအခါ တိုင်းတစ်ပါးမှ မင်သားတစ်သားမှန်းသိခဲ့ရ

လိုင်းပေါ်တွင်တွေ့ရှိပြီး ချစ်သူသက်တမ်း၁နှစ်ကြာသော်လည်း အလုပ်အကြောင်းပြကာ vc မပြောသည့်ချစ်သူအကြောင်းကို စုံစမ်းလိုက်သောအခါ တိုင်းတစ်ပါးမှ မင်သားတစ်သားမှန်းသိခဲ့ရ

လူတိုင်းဟာ အားလပ်သည့် အချိန်ခဏလေးတွင်ပင် ဖုန်းကိုအသုံးပြုခြင်းဖြင့်သာ အချိန်ကို ကုန်ဆုံးစေခဲ့တာဖြစ်ပါတယ်။ထို့ကြောင့်လည်း လူမှုဆက်ဆံရေးဟာ လိုင်းပေါ်တွင်သာ ရှိလာခဲ့ကြပြီး ဖူးစားရှင်များကိုပင် လိုင်းပေါ်တွင် တွေ့ရှိလာခဲ့ကြပါတယ်။

 

အင်္ဂလန်နိုင်ငံမှ Estherဟုအမညိရသည့် အသက်၂၁နှစ်အရွယ် ကောင်မလေးဟာလည်း နိုက်ဂျီးရီးယားနိုင်ငံသား Theoဆိုသည့်အမျိုးသားနှင့် လိုင်းပေါ်တွင် ချစ်သူတွေဲစ်ခဲ့ကြပါတယ်။ကောင်မလေးဟာ ကောင်လေးကို အလွန်ချစ်ခဲ့ပြီး video callဖြင့်တွေ့ရန် ကြိုးစားသောအခါ ကောင်လေးက အလုပ်အကြောင်းပြကာ မအားလပ်ဘူးဟုသာ ပြောဆိုနေခဲ့ပါတယ်။

 

ထို့နောက်ကောင်လေးဟာ အင်္ဂလန်နိုင်ငံ လန်ဒန်တွင်ရှိနေသည်ဟု သတင်းကြားလိုက်ရသောအခါ ကောင်လေးကို အယုံအကြည်မရှိဖြစ်လာခဲ့ပြီး အကြောင်းစုံကို သေချာစုံစမ်းရန် နည်းလမ်းမျိုးစုံဖြင့် ကြိုးစားခဲ့ပါတယ်။နောက်ဆုံးတွင် ကောင်မလေးကို ကောင်လေးက လိမ်ညာထားတာတစ်ခုမှ မရှိဘဲ သူဟာ နိုက်ဂျီးရီးယားနိုင်ငံ၏ မင်းသားတစ်ပါးဖြစ်ကြောင်းကိုသာ ဖုံးကွယ်ထားခြင်းဖြစ်တယ်ဟု သိရှိခဲ့ရပါတယ်။

 

 

Be the first to comment

Leave a Reply

Your email address will not be published.


*