လိုင်းကောင်းသည့်နေရာကို ရှာဖွေရင်းနဲ့ ကားလမ်းပေါ်ရောက်လာသော်လည်း လမ်းဘေးလေးတွင် ခုံလေးဖြင့်ထိုင်ရင်း စာပေသင်ကြားနေသည့် ချစ်စဖွယ်ကလေးငယ်လေး

လိုင်းကောင်းသည့်နေရာကို ရှာဖွေရင်းနဲ့ ကားလမ်းပေါ်ရောက်လာသော်လည်း လမ်းဘေးလေးတွင် ခုံလေးဖြင့်ထိုင်ရင်း စာပေသင်ကြားနေသည့် ချစ်စဖွယ်ကလေးငယ်လေး

ကလေးငယ်တို့သည် အသက်ပြည့်လို့ ကျောင်းများကို သွားရောက်ပြီး စာပေသင်ကြားနေသည့် ပုံရိပ်လေးများသည် အလွန်ကြည်နူးဖွယ်ကောင်းပြီး ချစ်စရာကောင်းလှပေသည်။ကလေးငယ်တို့သည်မှာလည်း ငယ်ရွယ်သေးသည့်အချိန်ဟာ စာသင်ကျောင်းတွင်သာ ရှိရမည်ဖြစ်ပြီး အခြားနေရာတွင်ရှိနေလျှင် မှားယွင်းနေပြီဖြစ်ပေသည်။

သို့သော်လည်း ကမ္ဘာကြီးတစ်ခုလုံး၏ ခံစားနေရသော ကပ်ရောဂါကြီးကြောင့်ပင် ကမ္ဘာကြီးဟာ ရပ်တန့်သွားခဲ့ရပြီး စာသင်ကျောင်းများပင်ပိတ်လိုက်ရသည်။သို့သော်လည်း မလေးရှာနိုင်ငံသည် ကလေးငယ်တို့၏ စာသင်ရမည့်အရွယ်တွင် ပညာသင်ကြားနိုင်စေရန် လိုင်းပေါ်မှတစ်ဆင့် စာပေများ သင်ကြားပေးခဲ့ပါတယ်။

ထိုအချိန်တွင် ကလေးငယ်လေးနှစ်ဦးဟာ သူတို့၏ နေအိမ်တွင် လိုင်းမကောင်းသောကြောင့် လိုင်းကောင်းသည့် လမ်းမတစ်ခုဘေးတွင် စာသင်နေခဲ့ရပါတယ်။လမ်းဘေးတွင် စာသင်နေရသော်လည်း ဂရုတစိုက်ဖြင့် စာပေများကို သင်ယူနေသည့် ကလေးငယ်၏ပုံရိပ်လေးမှာ အလွန်ချစ်စရာကောင်းလှပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*