လိုင်းကားစီးဖို့တောင် ငွေအလုံအလောက်မရှိလို့ ကားဆရာကို တောင်းပန်ခဲ့တဲ့ ကလေးငယ်ရဲ့အဖြစ်

အခု‌ဖော်ပြပေးမဲ့ အဖြစ်အပျက်က ဖိလစ်ပိုင်နိုင်ငံမှ Jonee Canada အမည်ရှိ Facebook အသုံးပြုသူအမျိုးသမီးတစ်ဦးက ပြောကြားခဲ့တာပါ ။ သူမရဲ့အဆိုအရ သူမဟာ ဂျစ်ကားမောင်းသူနဲ့ ကောင်လေးတို့အကြားဖြစ်ခဲ့ပေမဲ့လည်း ထိမိတဲ့အဖြစ်အပျက်ကို သူမကိုယ်တိုင် မျက်မြင်တွေ့ရှိခဲ့တာပါ ။ ကောင်လေးက ဂျစ်ကားစီးဖို့ ပိုက်ဆံမတတ်နိုင်တာကြောင့် ကားမောင်းသူစီကို လမ်းလျှောက်သွားပြီး တောင်းပန်တဲ့အခါ Jonee ကလည်း ဂျစ်ကားထဲမှာ ရှိနေခဲ့ပါတယ် ။

ကောင်လေးက“ အစ်ကို ကျွန်တော့်မှာ ဒီလောက်လေးဘဲရှိတယ်” လို့ပြောပြီး ကောင်လေးက ကားမောင်းသူကို ၅ ပီဆို အကြွေစေ့ (အမေရိကန်ဒေါ်လာ ဝ.၀၉၆) ပြသခဲ့ပါတယ် ။ထို့နောက် ကားမောင်းသူက ကောင်လေးရဲ့ အကြွေစေ့ကို ကြည့်လိုက်ပြီး “ဒါမှမဟုတ်အားလုံးကို နင်ယူထားလိုက် ။ ကားကိုအလကားဘဲစီးသွား ” လို့ ကားမောင်းသူက ကောင်လေးကို ပြောလိုက်ပါတယ် ။ ကောင်လေးက ပိုက်ဆံအလုံအလောက်မရှိဘူးဆိုတာကို သူသဘောပေါက်သွားပြီး ကလေးကို အခမဲ့စီးခွင့်ပေးလိုက်ပါတယ် ။

ကောင်လေးက ကျောင်းကိုသွားဖို့ ဂျစ်ကားနဲ့စီးသွားရလို့ အရမ်းပျော်နေခဲ့ပါတယ် ။ ကောင်လေးက ကားစီးနေစဉ် ကားမောင်းသူကို မရပ်တန့်နိုင်အောင် ကျေးဇူးတင်ကြောင်းပြောဆိုနေခဲ့ပါတယ် ။ ဂျစ်ကားမောင်းသူကကောင်လေးတစ်ယောက်ကို“ တိုတို၊ မင်းသင်ခန်းစာတွေကို ကောင်းကောင်းလေ့လာ ။ အတန်းဖော်တွေ နဲ့ စကားမများနဲ့” လို့ သူကထပ်ပြောပါလိုက်ပါတယ် ။

နှလုံးနွေးထွေးဖွယ်အဖြစ်အပျက်ကို တွေ့မြင်ခဲ့တဲ့ Jonee က ၎င်းအဖြစ်ကို Facebook မှာ တင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ် ။ ရက်ရောလွန်းတဲ့ဂျစ်ကားမောင်းသူရဲ့ ရိုးရှင်းတဲ့လုပ်ရပ်က သူ့ရဲ့ကြင်နာမှုကြောင့် netizens တွေက ချီးမွမ်းခဲ့ကြပါတယ် ။ ကြည့်ရတာ ဒီကမ္ဘာပေါ်မှာကြင်နာတတ်တဲ့ လူတွေရှိနေပါတယ် ။ ဒီ jeep driver လိုပဲ တခြားသူတွေကိုဂရုစိုက်တက်တဲ့ သူရှိနေသေးတယ်ဆိုတာ သိရလို့ ဝမ်းသာမိပါတယ် ။

Zawgyi





Be the first to comment

Leave a Reply

Your email address will not be published.


*