
လိုက်လံတောင်းစားနေသည့် အိမ်ခြေရာမဲ့တစ်ဦးကို ကူညီးရင်းဖြင့် ဘဝအကြောင်းကို မေးမြန်းကြည့်ရာမှ တက္ကသိုလ်ပါမောက္ခဟောင်းတစ်ဦးဖြစ်နေမှန်း သိခဲ့ရ
လူ့လောက သံသရာကြီးဟာ အမြဲတမ်းလည်ပတ်နေပြီး လူသားတိုင်းဟာ ဘဝ၏အနှိမ့်အမြင့်အတက်အကျများစွာကို ခံနိုင်ရည်ရှိခဲ့ရမည်ဖြစ်ပေသည်။ယခုတွင်လည်း ဖိလစ်ပိုင်နိုင်ငံ၏ အကြီးဆုံးသော တက္ကသိုလ်မှ ပါမောက္ခတစ်ဦးသည် အိမ်ခြေရာမဲ့ဘဝဖြင့် လိုက်လံတောင်းနေရသည်ဖြစ်လာခဲ့သည်။
ကောင်မလေးတစ်ဦးဟာ အသက်၇၀အရွယ် အိမ်ခြေရာမဲ့တစ်ဦးကို ကူညီခဲ့ရာမှ အကြောင်းစုံကို သိခဲ့ရခြင်းလည်းဖြစ်ပါတယ်။ထိုအဖိုးဟာ နိုင်ငံခြားတွင် စီးပွားရေးရင်းနှီးမြှုပ်နှံမှုတွေပြုလုပ်ရာမှ အရှုံးပေါ်ကာ လမ်းဘေးသို့ရောက်ခဲ့ရခြင်းဖြစ်သည်ဟု သိရပါတယ်။
အဖိုးဟာ အင်္ဂလိပ်စကားပြောလည်း ကျွမ်းကျင်စွာပြောတတ်ခဲ့ပြီး ကူညီကျွေးမွေးခဲ့သည့် ကောင်မလေးကိုလည်း ဘဝ၏အရေးပါသော ဆုံးမစကားလေးတွေကို ပြောကြားသွားခဲ့တယ်ဟု သိရပါတယ်။
Leave a Reply