လာရောက်လည်ပတ်သူတွေကြားထဲကို တိုးဝှေ့ပြီး ကလေးလေးတစ်ယောက်လို ချွဲနေတဲ့ ခြင်္သေ့ကြီး

ပရိသတ်ကြီးရေ ဆာဖာရီဥယျာဉ်ထဲက ခြင်္သေ့တစ်ကောင်ကတော့ လူတွေပြောနေကြစကားလေးတွေက အမြဲမမှန်ဘူးဆိုတာလေးကို သက်သေပြခဲ့ပါတယ်။

ထိုခြင်္သေ့ကတော့ ခြင်္သေ့ဆိုတာက လူသားစားတဲ့ ကြောက်စရာကောင်းတဲ့သတ္တဝါ ၊ လူတွေကို အန္တရာယ်ပြုတဲ့သတ္တဝါ ဆိုတဲ့စကားဟာ ခြင်္သေ့တိုင်းအတွက် မမှန်နိုင်ဘူးဆိုတာကို သက်သေပြခဲ့တဲ့တာပဲဖြစ်ပါတယ်။

၎င်းခြင်္သေ့ကတော့ ဥယာဉ်ထဲ လာရောက်တဲ့ ခရီးသွားတွေကို ကြောင်လေးတစ်ကောင်လိုတိုးဝှေ့နေပုံလေးက ကြင်နာမှုကိုလိုအပ်နေတဲ့ ကလေးလေးတစ်ယောက်လိုပါပဲ။

ဗီဒီယိုလေးထဲမှာဆိုရင်လည်း ကားပေါ်ပါလာတဲ့ အမျိုးသမီးတွေကြား တိုးဝှေ့ကာ လျှာနဲ့လျက် နှုတ်ဆက်ခဲ့နေပုံလေးကလည်း တကယ့်ကိုအံသြစရာကောင်းလှပါတယ်။

အခုအဖြစ်အပျက်လေးကတော့ ခြင်္သေ့ဆိုတာ လူကို ရန်မူတတ်တဲ့ သတ္တဝါလို့ သတ်မှတ်ထားပုံကို တွန်းလှန်လိုက်တဲ့ ဖြစ်ရပ်လေးတစ်ခုပါပဲ။

လူတွေမှာလည်း လူကောင်းနဲ့လူဆိုးရှိသလို ခြင်္သေ့တွေမှာလည်း လူကိုရန်မူတတ်တဲ့ ခြင်္သေ့နဲ့ လူကိုရန်မမူတတ်တဲ့ ခြင်္သေ့ရယ်ဆိုပြီး ရှိနေကြပါတယ်။

အဓိကက ယဉ်ကျေးတယ် ဆိုးသွမ်းတယ်ဆိုတာဟ သူနေထိုင်နေရတဲ့ ပတ်ဝန်းကျင်ကလူတွေနဲ့ အရမ်းသက်ဆိုင်နေတာကြောင့် ပရိသတ်တွေလည်း ကိုယ်ချစ်တဲ့ တရိစ္ဆာန်လေးတွေပဲဖြစ်ဖြစ် သားသမီးလေးတွေပဲဖြစ်ဖြစ် လိမ္မာယာဉ်ကျေးစေချင်ရင် ရိုင်းစိုင်းတဲ့ပတ်ဝန်းကျင်နဲ့ ဝေးတဲ့နေရာမှာထားပြီး သေချာဆုံးမသွန်သင်မယ်ဆိုရင်တော့ သူတို့လေးတွေဟာ ဒီခြင်္သေ့လေးလိုပဲ လိမ္မာယဉ်ကျေးပြီး လူယဉ်ပါးလာမှာ အသေအချာပါပဲ။

Be the first to comment

Leave a Reply

Your email address will not be published.


*