
လယ်သမား၏သား မရှိဆင်းရဲသားဘဝမှနေ၍ ဒေါ်လာ၃၀၀၀၀၀ပညာသင်ဆုရရှိသည်အထိ ထူးချွန်သောကျောင်းသားဖြစ်လာခဲ့သည့် ကောင်လေး
အမေရိကန်နိုင်ငံဆိုသည်မှာ ကမ္ဘာပေါ်တွင် ဖွံ့ဖြိုးတိုးတက်မှု အရှိသော နိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်ပါတယ်။ထို့ကြောင့်လည်း လူအများစုတို့ဟာ အမေရိကန်နိုင်ငံသို့လာရောက်၍ ပညာသင်ကြားခြင်း အလုပ်လုပ်ကိုင်ခြင်းတို့အတွက် လာရောက်တတ်ကြပါတယ်။
ယခုတွင်လည်း ဖိလစ်ပိုင်နိုင်ငံမှ လယ်သမားတစ်ဦး၏ သားဖြစ်သူ Aldrean Paul Alogonသည် ငယ်စဥ်တည်းကပင် ဖခင်၏ အလုပ်များကို ဝိုင်းကူပေးရင်း ကျောင်းတက်ခဲ့ရပါတယ်။ကြိုးစားချင်စိတ်အပြည့်ရှိသော လူငယ်လေးဟာ အားလပ်ချိန်များတွင် ဝါသနာပါသော စွယ်စုံကျမ်းနှင့် သိပ္ပံအကြောင်းအရာများကို လေ့လာနေတတ်ပါတယ်။
ထို့ကြောင့်လည်း အထက်တန်း အောင်မြင်သောအခါ အမေရိကန်တက္ကသိုလ်သို့ ဝင်ခွင့်လျှောက်ထားခဲ့ရာ အောင်မြင်ခဲ့သည့်အပြင် ထူချွန်ထက်မြက်လှသော ကြိုးစားမှုတို့ကြောင့် ဒေါ်လာ၃၀၀၀၀၀ကို နှစ်စဥ် ပညာသင်ဆုအနေဖြင့် ရရှိခဲ့ပါတယ်။
Leave a Reply