
လမ်းမကြီးဘေးမှာ မိုးကြီးလို့ အော်ဟစ်ငိုကြွေးနေခဲ့တဲ့ သမီးလေးကို ထွေးပွေ့ထားခဲ့တဲ့ဖခင်
ပြီးခဲ့တဲ့ရက်က ဗီယက်နမ်နိုင်ငံ Hanoi မြို့မှာ မိုးအတော်လေးကိုကြီးလို့ မြို့ထဲရေကြီးမှုတွေဖြစ်ခဲ့တဲ့အပြင် ၊ ဆိုင်ကယ်သမားတွေမှာလည်း ဆက်ပြီးမောင်းနှင်လို့ မရတော့လို့ တံတားအောက်မှာ မိုးခိုခဲ့ရပါတယ် ။ ထိုအချိန်မှာပဲ Lien Phoong Pham အမည်နဲ့ အမျိုးသားတစ်ယောက်က ကြည်နူးစရာအဖြစ်အပျက်ဓာတ်ပုံလေးကို Facebook စာမျက်နှာမှာ ဝေမျှခဲ့ပါတယ် ။ မိသားစုတစ်စုဟာ ဆိုင်ကယ်နဲ့မောင်နင်လာရင်း မိုးကြီးလို့ တံတားအောက်မှာဝင်နားခဲ့ရတာပါ ။
ထိုအချိန်မှာပဲ မိုးကြိုးပစ်သံတွေ ၊ လျှပ်စီးသံတွေကြောင့် သမီးငယ်လေးဟာ အတော်လေးလန့်ပြီး အော်ငိုနေခဲ့တာပါ ။ မိခင်ဖြစ်သူမှာတော့ ဆိုင်ကယ်ကိုစောင့်ကြည့်နေခဲ့တာပါ ။ဖခင်ဖြစ်သူမှာတော့ သမီးလေးကိုထွေးပွေ့ပြီး မငိုနဲ့ အဖေရှိတယ် ၊ အဖေကာကွယ်ပေးမယ် ဆိုပြီး တဖွဖွပြောကာ သမီးလေးအငိုတိတ်အောင်ကြိုးစားခဲ့ပါတယ် ။ မကြာခင်မှာဘဲ သမီးလေးလည်း အငိုတိတ်ပြီး မိုးကြီးတာကိုတောင်ဂရုမစိုက်နိုင်ဘဲ ဖခင်နဲ့ဆော့ကစားနေခဲ့ပါတယ် ။
မိုးတိတ်သွားခဲ့ချိန်မှာတော့ ဖခင်ဖြစ်သူဟာ တက္ကစီကားငှါးပြီး ဇနီး နဲ့ သမီးကို အရင်ပြန်ခိုင်းခဲ့ပါတယ် ။ တစ်ကယ့်ကို နွေးထွေးကြင်နာစရာကောင်းလွန်းလှတဲ့ မြင်ကွင်းလို့ ပြောရမှာပါပဲ ။
Zawgyi
လမ္းမႀကီးေဘးမွာ မိုးႀကီးလို႔ ေအာ္ဟစ္ငိုေႂကြးေနခဲ့တဲ့ သမီးေလးကို ေထြးေပြ႕ထားခဲ့တဲ့ဖခင္
ၿပီးခဲ့တဲ့ရက္က ဗီယက္နမ္ႏိုင္ငံ Hanoi ၿမိဳ႕မွာ မိုးအေတာ္ေလးကိုႀကီးလို႔ ၿမိဳ႕ထဲေရႀကီးမႈေတြျဖစ္ခဲ့တဲ့အျပင္ ၊ ဆိုင္ကယ္သမားေတြမွာလည္း ဆက္ၿပီးေမာင္းႏွင္လို႔ မရေတာ့လို႔ တံတားေအာက္မွာ မိုးခိုခဲ့ရပါတယ္ ။ ထိုအခ်ိန္မွာပဲ Lien Phoong Pham အမည္နဲ႔ အမ်ိဳးသားတစ္ေယာက္က ၾကည္ႏူးစရာအျဖစ္အပ်က္ဓာတ္ပုံေလးကို Facebook စာမ်က္ႏွာမွာ ေဝမွ်ခဲ့ပါတယ္ ။ မိသားစုတစ္စုဟာ ဆိုင္ကယ္နဲ႔ေမာင္နင္လာရင္း မိုးႀကီးလို႔ တံတားေအာက္မွာဝင္နားခဲ့ရတာပါ ။
ထိုအခ်ိန္မွာပဲ မိုးႀကိဳးပစ္သံေတြ ၊ လွ်ပ္စီးသံေတြေၾကာင့္ သမီးငယ္ေလးဟာ အေတာ္ေလးလန႔္ၿပီး ေအာ္ငိုေနခဲ့တာပါ ။ မိခင္ျဖစ္သူမွာေတာ့ ဆိုင္ကယ္ကိုေစာင့္ၾကည့္ေနခဲ့တာပါ ။ဖခင္ျဖစ္သူမွာေတာ့ သမီးေလးကိုေထြးေပြ႕ၿပီး မငိုနဲ႔ အေဖရွိတယ္ ၊ အေဖကာကြယ္ေပးမယ္ ဆိုၿပီး တဖြဖြေျပာကာ သမီးေလးအငိုတိတ္ေအာင္ႀကိဳးစားခဲ့ပါတယ္ ။ မၾကာခင္မွာဘဲ သမီးေလးလည္း အငိုတိတ္ၿပီး မိုးႀကီးတာကိုေတာင္ဂ႐ုမစိုက္ႏိုင္ဘဲ ဖခင္နဲ႔ေဆာ့ကစားေနခဲ့ပါတယ္ ။
မိုးတိတ္သြားခဲ့ခ်ိန္မွာေတာ့ ဖခင္ျဖစ္သူဟာ တကၠစီကားငွါးၿပီး ဇနီး နဲ႔ သမီးကို အရင္ျပန္ခိုင္းခဲ့ပါတယ္ ။ တစ္ကယ့္ကို ေႏြးေထြးၾကင္နာစရာေကာင္းလြန္းလွတဲ့ ျမင္ကြင္းလို႔ ေျပာရမွာပါပဲ ။
Leave a Reply